Rick-32

2K 149 3
                                    

စပါး နဲ့ နွား နဲ့ အညာသား
         (၃၂)

သူပြန်မလာမှန်းသိလျက်နှင့် အမေတို့အိမ်ကြီးပေါ်ကို တက်မအိပ်ဖြစ်။

သူနှင့်အတူ ညတိုင်းအိပ်စက်သော စပါးကျီရှေ့က အဖီချအခန်းကလေးထဲ
အိပ်နေလိုက်သည်။

လေတွေတိုက်နေသည့် ကြားက ပြတင်းပေါက် တစ်ဖက် ဖွင့်လျက်သား
ရံဖန်ရံခါ ဆောင့်ဆောင့်တိုက်ခတ်နေသော ဝါဆိုလ၏ လေကို ရူရိုက် နေမိသည်။

ကောင်းကင်ကြီးမှာ လမင်းကြီးက တိမ် လုံးကြီးတွေကြား တူတူပုန်းတမ်းကစားသလို ပေါ်လာလိုက် ပျောက်သွားလိုက် ဒါတွေကို ငေးနေမိသည်။

ငေးရင် လစ်ဟာနေသော အိပ်ရာကို လိပ်ပြာမလုံ သလို လှည့်လှည့်ကြည့်မိသည်။

ကြည့်မိရင် လမင်းကြီးကို ပြန်ငေးမိတော့

“ကိုမြကျော် တစ်ယောက် သရက်ပင်အောက်က စင်ပေါ်မှာ ခေါင်းအုံးမပါ စောင်မပါ အိပ်နေမလား။

ဒီလို လေတိုက်ပုံနဲ့တော့ မိုးလင်းရင် အအေးမိမှာပဲ။

သူက နဂိုကတည်းက အအေးမိလွယ်ရတဲ့ အထဲ။

အလကား သက်သက်မဲ့  စိတ်ပူရအောင် ပြန်မလာပဲ နေတယ်။

ကျုပ်ကလည်း ကျုပ်ပဲ ။သူက အော်တာ မကြိုက်တာကို အော်မိတယ်။

သူက တိုးတိုးတိတ်တိတ် သင်ထားပါရဲ့။

ငါ့မိန်းမ ရေ ဘယ်လောက်စိတ်ဆိုး စိတ်ဆိုး ယောကျာ်းကို လူသူ ရှေ့မအော်ပါနဲ့။

မိန်းမ အော်ရင် မိန်းမက ယောကျာ်းကို မလေးစားရာကျသလို ယောကျာ်းမှာလည်း သိက္ခာကျရတယ်။

သည်လိုဆိုတော့ မိန်းမကို ကျုပ်က နိုင်တဲ့ လူလို့ ကြွားချင်နေတယ်ထင်မှာ။

အမှန်က ဘယ်ဟုတ်မလဲ ကျုပ်က မိန်းမ အော်စရာမလိုအောင် နေပြချင်တာ။

ကိုမြကျော်က ယောကျာ်းသာဆိုတယ် စကားတယ် တတ်တယ်။

ကျုပ် ထားထားဦး နဲ့ တခြားစီ။

အခုဆိုကိုမြကျော်က ငယ်ငယ်ကထက်တောင် စကားပိုတတ်လာတယ် တော့။

စိတ်ကလည်း ရှည်လာရှာတယ်။အရင်ကထက်ပေါ့လေ။

စာအုပ် ကလေးတွေ သတင်းစာတွေဆို တယ်ဝါသနာကြီး ။

သူက လူယဉ်ကျေးပါ။

စာအုပ်ကလေးကိုင် နွားနို့စာရင်းတွေ ဘောပင် တစ်ချောင်းဖြင့် ထိုင်တွက်နေရင်  မြို့ပေါ်က ပိုက်ဆံချမ်းသာ တဲ့ သူဌေးတွေ
အတိုင်းပါတော်။

သည်လိုဆိုလို့ ကျုပ်ယောကျာ်း ကိုမြကျော်က လူပျော့လူညံ့ အသွင်မဟုတ်ပါဖူး။

လယ်တော များ ပျိုးခင်းဆင်းလျှင် နွားနှစ်ကောင်ကို အရပ်ထောင်းထောင်းမောင်းမောင်း နှင့်ထိန်း ထွန်းတုံးကို
အားရပါးရဆွဲမ လိုက်ပုံများ တယ် ခန့်တယ်။

ကျုပ်ဖြင့် မျက်လုံးထဲကနေတောင် မထွက်ပါဘူး။

အင်း…
တွေးရင် သက်ပြင်းအရှည်ကြီးချလျက် ထားထားဦး စောင်းလျက်ကနေ ပက်လက်ကလေးပြန်လှဲ။

စပါး နဲ့ နွား နဲ့ အညာသား(Completed)Where stories live. Discover now