စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
(၁၀)
မြစ်ရေတွေတရိပ်ရိပ်တက်တော့ စက်လှေသမားက အန္တာရယ်ကင်းအောင် ဒီနေ့ အားလုံး စောစောနော် ပြောထားတော့
“ ဈေးသည်တွေဘယ်ဝေ့ ရဲမလဲ ..”
၀မ်းရေး အတွက်သာ လုပ် စားနေကြရတယ်။
ကိုယ့်အသက်ကိုတော့ နှမြော တာပေါ့။
ဒါ့ကြောင့်အရင်နေ့တွေထက် အချိန်ကလေး စော လှေဆိပ် ပြန်ရောက်သည်။
ဒီနေ့လှေဆိပ် မှာ ယောင်္ကျား လေး တွေ ကြီးကြီးငယ်ငယ် လူတွေစုံ၊ ရူပ်ယှက်ခတ်နေပါရော။
အကြောင်းစုံကို မေးမြန်းကြည့်တော့
ဟိုးအထက်ကနေ သစ်ဖောင်တွေ ဆင်းလာရင် ရေစီးကြောင့် ဟိုတကွဲ ဒီတကွဲ ဖြစ်ကုန်သတဲ့။
အဲ့တာကို ရွာဖက်ကလူတွေက ထွက်ဆယ် တာ။
ပိုင်ရှင် ပြန်ပေးဖို့တော့ ဘယ်ဟုတ်မလဲ။
အသက်နဲ့ ရင်းပြီ သူတို့ရတာ သူတို့ ယူကြမယ်ပေါ့။
တချို့ ဆို မြစ်ဆိပ်ထဲကနေ ထမ်းပြီ ကုန်းပေါ် လှည်းနဲ့တောင် သယ်နေကြပြီ။
အတော်ရကြသည် ထင်ပါရဲ့။
ထားပါတော့လေ ။
သူများ ငေးနေလို့ ခရီးဘယ်ပေါက်မလဲ ။
ထားထားဦး နို့သံချောင်းပုံး ခေါင်းပေါ်ရွက် လျက် မ၀င်းသူ ကိုလည်း နူတ်ကနေ ခေါ်သည်။
“မ၀င်းသူ .. မ၀င်းသူ .. လာ..လာ .. သွားရအောင်တော့ ငေးနေလို့ မဖြစ်ဘူး။ မြစ်ရေတွေက တက်နေတာ။
အရေးထဲ မိုးတွေက အုံ့မိူင်းနေတယ် ..”
လူကြားထဲကနေ ပဲ ထားထားဦး နှင့် မ၀င်းသူ ကုန်းပေါ်တက်ဖို့ ပြင်သည်။
သူတို့တက်နေဆဲ မြစ်ဆိပ်ထဲကို မြကျော် ကသောကပါး ဆင်းလာသည်။
ဆင်းရင်ထားထားဦး ကို မြင်သည်နှင့် ထားထားဦး ခေါင်းပေါ်က နို့သံချောင်းပုံးကြီး အရင်ဆွဲယူသည်။
ဆွဲယူပြီ သူ့ပုခုံးပေါ် ပြောင်းထမ်း၏။
ထားထားဦးက မြကျော် မြင်သည်နှင့်
“ဟဲ့ .. မြကျော် နင် နို့ပို့ မသွား ဘူးလား ..”
အရင်မေးသည်။
မြကျော်က သံချောင်းပုံးထမ်းလျက် ကုန်းပေါ် ခပ်သွက်သွက် တက်သည်။
တက်ရင်
“ကုန်းပေါ် ရောက်မှ မေးစမ်းပါဟာ ..
လူပဲ မြန်မြန် တက်ခဲ့..”
ကုန်းပေါ် ရောက်တော့၀ရုန်းသုန်းကား လှည်းတွေနဲ့ ပစ္စည်းရွေ့တဲ့သူတွေက ရွေ့၊
တချို့က စပါးကျီထဲ ရေမရောက်အောင် သဲ အိတ်တွေ တားသူကတား နှင့်
YOU ARE READING
စပါး နဲ့ နွား နဲ့ အညာသား(Completed)
Lãng mạn"လမင်း ကြီးကို မြင်တယ်လေ ဟယ်.." "လမင်းကြီးက မလှဘူးလား .." "လမင်းကြီးပါဆို လှတာပေါ့တော် ၊ ၀င်း၀င်းပပကလေးနဲ့ သူ့ကြည့်ရင် မျက်စိကလေးကိုအေးလို့ .." "အေး .. နင် နဲ့တူတယ် .." မြကျော် စကားကြားတော့ ထားထားဦးငြိမ်သက်သွားပြီရင်ထဲ မပြောပြတတ်သော ကြည်နူးမူ့ကလေးတွ...