စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~~~~~~
(၉)နံနက်တုံးခေါက်တော့ ထုံးစံအတိုင်း မြကျော် နဲ့ ထားထားဦးအမေဖက်က
အစ်ကို၀မ်းကွဲ ကိုတင်ရ ကြီးက ထားထားဦး နွားနို့ ရောင်းထွက်ဖို့ ထားထားဦးတို့အိမ်က မေထုန် နွားမကြီးကို နွားနို့ညှစ်ပေး နေသည်။
တုံးကြီးမခေါက်ခင် ထလာပြီ ထားထားဦးတို့အိမ်က နွားမတွေ နွားနို့ညှစ် ပေးခြင်းကို မြကျော် နေ့စဉ်မပျက်မကွက် ဆောင်ရွက် သည်။
တစ်ခါတစ်ရံ မြကျော် ထားထားဦးတို့ ခြံထဲ ရောက်ချိန်မှ နွားစားပုတ်ဘေး
ကကောက်ရိုးစင်အောက် စင်ထိုး အိပ်သည့် ကိုတင်ရကြီးကို နိုးရသည်။ဦးမောင်မောင် စောစောထနိုင်လျှင်တော့ ကိုတင်ရကို မြကျော် နိူးစရာမလို။
သို့ပေသည့် ဒီနေ့တော့ မနေ့က ပျိုးချ ပျိုးနူတ် လုပ်ထားရသည်မို့ထင်ပါရဲ့။
လူကြီး တွေဖြစ်တဲ့ဦးမောင်မောင် ရော ဒေါ်ဒေါ်တင်ရော နံနက်စောစော မထနိုင်။
အမေကြီး စိန်ကလည်း မနိုး ။
ဒါ့ကြောင့် နဂို အအိပ်မက်တဲ့ ကိုတင်ရ ကြီးကို မြကျော် နိူးသော်
“ဟာ ... မြကျော် မင်းကိုယ်က တယ်စောတယ်ကိုး ..”
“မစောတော့ပါဘူး ဗျ .. ထတော့ နို့မို့ရင် ခင်များ နှမ ထားထားဦးက
လှေဆိပ် မှာ သူများထက် နောက်ကျရင် အိမ်အပြန် တစ်အိမ်လုံး နားပူအောင် ပြော တော့မှာ ..”
မြကျော်က ထားထားဦး လို့ ပြောလိုက်သည်နှင့် ကိုတင်ရ ကြီး
စင်ပေါ်ကနေ ချက်ချင်းထ လိုက်သည်။ထပြီ ကပျာကယာ မျက်နှာသစ် ပလုတ်ကျင်း နွားမကြီး နို့ဆွဲညှစ်ဖို့ပြင်၏။
@@@
ခင်စန်းဦး နဲ့ အတူတူအိပ်တဲ့ အပျိုမ နှစ်ယောက် တင်မူ နဲ့ မိပိုကလည်း
ကောက်စိုက်ထားရတာ အတော်လေး ပင်ပန်းနေကြသည်ဖြစ်မည်။
တုံးခေါက်သည်ကိုပင် မထနိုင်ကြသေး။
ထားထားဦး အတူအိပ်သော ကြမ်းတစ်ခင်းတည်း အတူအိပ်နေသော ညီမ တွေဖက် ဓာတ်မီး တစ်ချက်ဝေ့ပြီ ထမင်းထချက်ဖို့ပြင်လိုက်သည်။
YOU ARE READING
စပါး နဲ့ နွား နဲ့ အညာသား(Completed)
Lãng mạn"လမင်း ကြီးကို မြင်တယ်လေ ဟယ်.." "လမင်းကြီးက မလှဘူးလား .." "လမင်းကြီးပါဆို လှတာပေါ့တော် ၊ ၀င်း၀င်းပပကလေးနဲ့ သူ့ကြည့်ရင် မျက်စိကလေးကိုအေးလို့ .." "အေး .. နင် နဲ့တူတယ် .." မြကျော် စကားကြားတော့ ထားထားဦးငြိမ်သက်သွားပြီရင်ထဲ မပြောပြတတ်သော ကြည်နူးမူ့ကလေးတွ...