စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
(၁၇)
“နေကြီးက ပူလွန်းပါတယ်အေ။
နေ့လယ်ခင်းပိုင်း နားလိုက်ကြပြီ
နည်းနည်း နေအေးမှ တွန်းရိတ် ကြတာပေါ့..
ဟုတ်ဖူးလား ။
လောလော ဆယ် လာနားကြ ။ ညည်းတို့ အဖို့ မုန့်ပါတယ် ..”
ကဆုန် လ၏ နေပူရှိန်ကြီးအောက် ဝါးဖတ်ခမောက် ဆောင်းလျက်
နှမ်း ရိတ်နေသော မိပု ၊မိစန်း၊ မိညို တို့အဖွဲ့ကို ထားထားဦး လှမ်းအော် လိုက်၏။
လှမ်းအော်ပြီးသည်နှင့် ကန်သင်းခုံပေါ်က တမာပင် အရိပ်အောက်
ချထားသော ရေအိုး အနား နှမ်းယို ထုပ်ကိုချလိုက်သည်။
ခဏအကြာမှာ နှမ်းခင်းထဲက မိပု တို့ အရိပ်ရှိသော ကန်သင်းခုံအနား ရောက်လာကြသည်။
မိပုတို့ ရောက်လာသည် နှင့် ထားထားဦးက မြေအိုးထဲက ရေအေးအေးလေးကို အုန်းမူတ်ခွက်ဖြင့် ခပ်တိုက်သည်။
ခပ်တိုက်ရင်
“နားနားနေနေ လုပ်ကြ ကိုင်ကြပါအေ ၊မိုးမိမှာ ကြောက်တယ်ဆိုပင်မယ့်နေခင်းပိုင်းနေကြီးက တအား ပူတယ်မို့လား၊ ညနေ့ခင်းပိုင်း မှာပိုလုပ်လိုက်ကြတာပေါ့
.. ရော့ .. နှမ်းယို လေးလည်းစားကြ ..”
သူမ နှမ်းရိတ်သမားများကို ထားထားဦး လောကွတ်လုပ်ပြီနောက်
နွေစပါးချိန် ရေမလွယ်တဲ့ အကောကွက်တွေမှန်သမျှ နှမ်းကြဲထားသည့် နှမ်းခင်း ပြင်ကျယ်ကြီးကို ခါးထောက်ကြည့်လိုက်သည်။
ထို့နောက် ကျေနပ်စွာ ပြုံးလိုက်သည်။
နှမ်းပင်တွေ က သိပ်သန်တာကိုး။ အရိုး ရှည်ကြီးတွေနဲ့ ထောင် နှမ်းလုပ်ပြီ ခါလိုက်ရင် အားရစရာကြီးပဲ။
ထားထားဦးက ကိုယ့်အတွေးနဲ့ကိုယ် ပြုံးနေဆဲ စကားသွက်သည့် မိပုက နှမ်းယို ထုပ် လှမ်းယူပြီ
“ကျုပ်တို့ လည်း ရေအေးအေးလေး သောက်ချင်လို့မထားကြီး မျှော်နေတာတော့ ။
ရေအေးအေးလေး သောက်ဖို့အရေး လယ်ခုံပေါ်က ကိုကြီး စံထွန်း
ကြောက်တာ နဲ့ ကျွန်မတို့မယ် သူ့တဲနား ရေတောင် သွားမခပ်ရဲဘူး..”
“အိုအေး ကြံကြံဖန်ဖန် ၊ ညည်းတို့က ဘာဖြစ်လို့ ကိုကြီး စံထွန်း ကြောက်ကြတာတုန်း ..”
ထားထားဦး ကမေးတော့ မိပုက အံ့ဩသော မျက်နှာလေးဖြင့်
“ဟောတော် မထားကြီး မသိလိုက်ဖူးလား ..”
“ဟယ် .. ညည်းက အရင်းမပါ အဖျားမပါပြောတော့
ကျုပ်က ဘယ်လိုသိရမတုန်းအေ့ ..”
“ဟော .. ဒါဆို မထားကြီးက ဈေးရောင်းထွက်နေလို့ မသိဘူးပဲ
ပြောပြ အုံးမယ် .. ပြောချင်နေတာနဲ့ အတော်ပဲ ..”
မိပုက တက်ကြွစွာ အတင်းအုပ်ဖို့ပြင်တော့ မိညိုက ကြား၀င်ပြီ
“ဟဲ့ ကောင်မ မိပု တိုးတိုး ပြောနော် ၊ ဟိုက ကြားပြီ ညည်းလာ.. လောက်လေးခွနဲ့ ပစ်နေမယ်..”
“အမယ်လေး အေ ၊သူမကြား ရပါဘူး ၊သူ့တဲ နဲ့ အဝေးကြီးပါ..”
“အောင်မယ်လေးဟဲ့ ၊ကြားရလည်း ကျုပ်ရှိပါတယ် ။
ကျုပ်ရှိနေရင် ကိုကြီး စံထွန်း ကျုပ်တားရဲပါတယ်.. ပြီတော့ ကိုကြီး စံထွန်းက ညည်းတို့ ပြောသလို ကြောက်စရာ မကောင်းပါဘူးဟဲ့”
ထားထားဦးက အာမခံ ပြောတော့ မိပုက ကျေနပ်စွာ ပြုံးပြီ
အားတက်သရော ပြောဟန်ပြင်သည်။
“အောင်မယ်လေး ..ပြီးခဲ့တဲ့ ကောက်ကြီးစပါး ကောက်စိုက်ချိန် တုန်းကပေါ့တော်…
ကျွန်မတို့က သူတို့ လယ် ကောက်စိုက်တာ ။
ကောက်စိုက်တော့ ထုံးစံအတိုင်း လယ်ရှင်က ရေခပ်တိုက် ရတယ်မို့လား။
အစောပိုင်းတော့ ကြီးဒေါ်သန်းက ကောက်ညှင်းပေါင်းနဲ့ အကြော်
လာကျွေးရင် ရေခပ်တိုက်သွားတယ်။
နေကလေး အတော်မြင့်တော့ ကိုကြီး စံထွန်းက ခပ်တိုက်တယ်။
အစောပိုင်းကတော့ ခပ်တိုက်သေးပါရဲ့။
စိတ်ရှည်လက်ရှည်။
နောက်တော့ တော် စသလိုလို နဲ့ တစ်ယောက်ပြီ တစ်ယောက် ကောက်စိုက်သမ တွေက ရေ၀ိုင်းတောင်းတော့ ကိုကြီး စံထွန်းက ခပ်တိုက်ရင်သောက်ရေခွက်ကြီး ပစ်ချ။
“ငိုးမဟာတွေ .. နင်တို့ လက်တွေ ပါနေတာ ကိုယ့်ဟာ ကိုယ် ခပ်သောက်ကြ ..”
ဆိုပြီ ဆဲ ထသွားတာ။ နောက်ရက်ကျတော့ ကျုပ်တို့လည်း ကြီးဒေါ် နဲ့ ဦးမြကို ကိုကြီး စံထွန်း အကြောင်း တိုင်ပါ့လိုက်တာ ပေါ့တော်..”
“ဒါနဲ့ သူအရိုက်ခံ ရတယ် ပေါ့ ..”
“ဟုတ်ပါ့တော် ၊ ဒါနဲ့ ကျုပ်တို့မှာ တိုင်တုန်းက တိုင်လိုက်ပြီ အခုမှ ကိုစံထွန်း ကြီး မြင် အားနာသလိုလို ကြောက်သလိုလို ဖြစ်နေတာ ..”
“အမယ်လေး အေး ဒီလောက်လည်း ညည်းတို့ ကြောက်မနေပါနဲ့ ကိုကြီး စံထွန်းက အပြောဆိုး ၊
YOU ARE READING
စပါး နဲ့ နွား နဲ့ အညာသား(Completed)
Romance"လမင်း ကြီးကို မြင်တယ်လေ ဟယ်.." "လမင်းကြီးက မလှဘူးလား .." "လမင်းကြီးပါဆို လှတာပေါ့တော် ၊ ၀င်း၀င်းပပကလေးနဲ့ သူ့ကြည့်ရင် မျက်စိကလေးကိုအေးလို့ .." "အေး .. နင် နဲ့တူတယ် .." မြကျော် စကားကြားတော့ ထားထားဦးငြိမ်သက်သွားပြီရင်ထဲ မပြောပြတတ်သော ကြည်နူးမူ့ကလေးတွ...