စပါး နဲ့ နွား နဲ့ အညာသား
(၃၄)
“ လောကအလယ် ရောက်ကြောင်းပြဖို့
သမီးလေး ငိုတယ် အူဝဲတဲ့..
သမီးနဲ့ သား ခွဲခြားမြင်တဲ့
အတ္တမျက်စိ
အဖေ့မှာ မရှိလို့
သမီးကလေး စိတ်ကြိုက်ငိုစမ်း
ဖေဖေ ချော့မယ်။
အသန့်ကြိုက်တဲ့ အဖေ့သမီး
စိတ်ကြိုက် လဲဖို့ အနှီးတွေ
ဖေဖေ လျှော်မယ်။
သမီးကိုယ် နုနုကလေး
ကတ္တီပါခင်း နဲ့ ကတ္တီပါစောင်
အမြဲ လွှမ်းနိုင်ဖို့
ဖေဖေ ရှာမယ်။
သမီးကလေး တီတီတာတာ
တူးတူးရေ ဝါး..
အာဝါး…အာဝါး…
************
“သမီး မွေးလို့ တော်ခါကျ မောင်မြကျော်တို့များ သည်းလိုက်ကဲလိုက်တာ
လွန်းကရော ..”
လို့ အများကပြောကြသည်။
သည်လိုစကား မြကျော် ကြားလျှင် အလွန်စိတ်ဆိုး၏။
သမီး မွေးတော့ ဘာဖြစ်သလဲ။
သမီး မို့ မချစ်ရ တော့ဘူး တဲ့လား။
အလွန် မတရား စွပ်စွဲ ပြောကြပုံက သမီးမွေးတာကိုပင် ဂုဏ်ငယ်သယောင်။
မြကျော် တို့က ဒါမျိုး တစ်ဖက်သက်
အယူဆ တွေ အင်မတန် ရွံ့တယ်။
ထားပါတော့။ ရှိစေတော့။ သမီး လေး လှလှပပကြီးပြင်းလာပြီပညာတတ်ကြီး ဖြစ်ဖို့က မြကျော် အိပ်မက်ပဲ။
မြကျော် သမီးကြီးလာရင် ရွှံ့တွေထဲ ခြေမဆင်းရ။
ခေါင်းပေါ် ဈေးဗန်း မတင်ရ။
စာအုပ်ကလေးတွေ ထိုင်ဖတ်။ ကျောက်သင်ပုန်းပေါ် စာတွေရေးပြ။ဆိုပြ။ တွက်ပြ ရတဲ့ ဆရာမကြီး ဖြစ်စေရမယ်ပေါ့။
အတွေးများ နှင့် အားတွေရလိုက်တာ လွန်ကရော။
ညတိုင်း သမီး လေး ရင်ဘက်ပေါ်တင်သိပ်ရင် မထားကိုသူ့စိတ်ကူးတွေ ပြောပြတော့
“ဒါပေါ့တော် … ရွှံ့တွေ ဗွက်တွေထဲ ရုန်း
ခေါင်းကျိမ်းခံ ဈေးရောင်းထွက်လာတာ
ဘယ်သူတွေ အတွက်မို့လို့လဲ ။
ကျုပ်တို့ညီမ တွေနဲ့ ကျုပ်တို့သားသမီး တွေ အတွက်မို့လား ..”
YOU ARE READING
စပါး နဲ့ နွား နဲ့ အညာသား(Completed)
Romance"လမင်း ကြီးကို မြင်တယ်လေ ဟယ်.." "လမင်းကြီးက မလှဘူးလား .." "လမင်းကြီးပါဆို လှတာပေါ့တော် ၊ ၀င်း၀င်းပပကလေးနဲ့ သူ့ကြည့်ရင် မျက်စိကလေးကိုအေးလို့ .." "အေး .. နင် နဲ့တူတယ် .." မြကျော် စကားကြားတော့ ထားထားဦးငြိမ်သက်သွားပြီရင်ထဲ မပြောပြတတ်သော ကြည်နူးမူ့ကလေးတွ...
