Rick-4

2.5K 108 3
                                    

စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
         (၄)
“ဒီလိုဆို နွားနို့တွေ ရောင်းရတာ သိပ်မြတ်နေတာပဲနော် အဖေ၊သမီးတို့လည်း နွားနို့ရောင်းရအောင် ..”

“အိုကွယ် .. ငါ့သမီးက နူတ်ကနေ ပြောတော့ သိပ်လွယ်ပေါ့၊အဖေတို့ဆီ နို့အပ် တဲ့သူလည်းရှိမှ  နေ့စဉ်၀ယ်တဲ့ ဖောက် သည်လည်းရှိအုံးမှ ပေါ့ကွယ်။

ကိုမြ တို့တောင် တစ်ခါတစ်လေ နို့ဆီရုံက မယူရင် အိမ်ပြန်သယ်လာရတတ်တယ်..”

“ဟုတ်သလား .. ပြန်ယူ လာပြီ ဦးမြတို့က ဘာလုပ် ပစ်သလဲ ဟင် ..”

သမီးကြီးက ထပ်မေးတော့  ကိုမောင်မောင်က ရယ်လိုက်ပြီ

“ဒါကတော့ ငါ့သမီး ဦးမြ တို့အိမ်မှာ အရီးသန်း ဘာတွေ လုပ်သလဲသွားကြည့်လိုက် ပေါ့ ..”

“သူများအိမ် မသွားချင်ပါဘူး အဖေရယ် သူတို့က သမီးတို့လာတာကြိုက်ချင်မှ ကြိုက်မယ်၊

ရွာထဲက ဘဒွေး မိန်းမ ဒေါ်ဒေါ်နု ကတောင် သမီးတို့ သူတို့အိမ်အလည်လာတာ သိပ်ကြိုက်ပုံ မရဘူး ..”

“ဟုတ်တယ်နော် အဖေ ၊ အမျိုးတော်တယ်သာဆိုတယ် သူတို့က သိပ်မခေါ်ချင်ဘူး ၊ သမီးတို့က ပိုက်ဆံမရှိ လို့ ထင်ပါရဲ့၊

သမီးတို့ကို ခေါ်တာလည်း တောသူတွေတဲ့ တောချုံအုံးကြားထဲ ထွက်နေလို့ ခေါ်တာတဲ့လေ ၊

သူတို့က‌ တော့ ရွာထဲမှာနေလို့ ရွာသူ တွေတဲ့၊ ရွာနဲ့ သိပ်လည်း မဝေးပါဘူး အဖေရယ် ၊ စက်ဘီးကြီးနဲ့ဆို နီးနီးကလေးပဲဟာ  ”

အကြီးမ ထားထားဦး စကားကို အငယ်မ ခင်စန်းဦးက ၀င်ထောက်ပြောတော့

အဖေ နဲ့ အမေက နူတ်ဆိတ်နေကြပြီအမေကြီးကတော့  မျက်ရည်ကလေးကို ပုခုံးပေါ်က သပတ် ကလေးနဲ့ သုတ်သည်။

သုတ်ပြီသည်နှင့် မခံချင်သော လေသံ ကလေးဖြင့်

“အို ..အလကားပါအေ ဒီကောင်မ ကျုပ်မြေးတွေကို သက်သက်နှိမ်ပြောနေတာ...

ဒီကောင်မ နေတဲ့ ဝိုင်းက အမေကြီး ဝိုင်းပါ တော်။

ငါ့မြေးတို့ အဖေကြီး ဆုံးတော့ အမွေ အတင်း ခွဲခိုင်းပြီ ယောင်္ကျားကို

စပါး နဲ့ နွား နဲ့ အညာသား(Completed)Where stories live. Discover now