Rick-2

3.4K 145 9
                                    

စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
         (၂)

လယ်ပြင်ကနေ ကောက်လိူင်းတွေ တလင်းပြင်ထဲနေရာချဖို့ အရေး  မြေပြင် အကျယ်ကြီး ပေါ်က မြက်ပင် ပေါင်းပင်များကို ပေါက်ပြားဖြင့် အရင်ရှင်း။

ရှင်းပြီသည်နှင့် မြေပြင်ကို ပြောင်စင်အောင်
တံမြက်စည်းလှဲသည်။

တံမြက်စည်း လှဲပြီနောက် ရေဖြင့် ဖျော်ထားသော နွားချေးကိုပြောင်ရှင်းထားသော မြေပြင်ပေါ် တံမြက်စည်း ဖြင့် လှဲကျံသည်။

လှဲကျံ ပြီနောက် နေရောင် နှင့် လေကြောင့် ခြောက်သွေ့သွားသောကွင်းပြင်ကျယ်ကြီးက စပါးတွေ နေရာယူဖို့ တလင်း ဖြစ်သွားသည်။

တလင်း ခြောက်သည်နှင့် လယ်ပြင်က ကောက်လိူင်းများကို နွားလှည်းပေါ်တင်ပြီ ခေါက်တုံ့ ခေါက်ပြန် သယ်ယူကြသည်။

ကောက်လိူင်းများ သယ်သူပြီ နောက် ပေပါ အဟောင်း သို့မဟုတ် အသား ထိုင်ခုံများ တလင်းအလယ်ချ  စပါးစေ့ များရအောင် လက်နှစ်ဖက်ကိုအားပြု ရိုက်ချ ရသည်။

ထို့နောက် စပါးစေ့များ ပြောင်အောင် ဝါး တုတ်တိုကလေးဖြင့်ရိုက်လိူင်းပေါ်က စပါး စေ့ ပြောင်အောင် ခါချရ၏။

ခါချ ပြီးသား စပါးပုံထဲက အမူန်အမွှား များကို သန့်စင်အောင်ပြုလုပ်ကြသည်။

သန့်စင်ပြီ စပါးစေ့ များက စပါးပုံကြီး ဖြစ်လာပြီ နောက် တလင်း ပြင်ထဲမှာထွန်ခြစ် ဖြင့်ဆွဲ ခြေ ဖြင့်ထိုး၍  နေလှန်းကြသည်။

နေလှန်းပြီနောက်  စပါးသိုလှောင်သော ကျီ ထဲသို့ထည့်ကြသည်။

ရိုက်ပြီသား ကောက်လိူင်းများကိုတော့ နွားစာအဖြစ် အသုံးချ ကြသည်။

စက်မူ့စွမ်းအား မထွန်းကား သော ခေတ်၏ ရှေးမြန်မာ ရိုးရာ လူအား လုပ်အားဖြင့် စပါးရိတ်သိမ်း ခြင်းနည်း ဖြစ်သည်။

စပါးများ ပေါ်လျှင် ရွာမှာ အလှူအတန်း တစ်ခု မက ပေါ်လာစမြဲဖြစ်သည်။

ဒီနှစ် အလှူတန်းပေါ်လာသည့် အထဲ ကိုမောင် အမေ့ဘက်က ဦးကြီးအလှူ လည်းပါသည်။

စပါး နဲ့ နွား နဲ့ အညာသား(Completed)Where stories live. Discover now