Extra

6.9K 213 12
                                        

စပါးနဲ့ နွားနဲ့ ဖိုးမောင်
~~~~~~~~~~~~~~~~~~~~~~~

“မေကြီး နတ်မတင်သေးဘူးလား ..”

“တင်မှာပေါ့ ငါ့မြေးရဲ့ စောပါသေးတယ်။
မင်းအမေက ပျိုးနူတ်ခါနီးမှ တင်ရအောင် အမေလို့ပြောထားတယ်..”

“ဟာဗျာ …ပျိုးနူတ်တဲ့နေ့ဆို သား မအားဘူးလေအမေကြီးရ။ဘဘကြီး နဲ့သား လယ်ထဲ ပျိုးစည်း လိုက်ချရမှာ။

အမေကြီး ကြက်ပေါင်တုံး ဘယ်ချိန်ကိုက်ရမလဲ ..”

“အို ..လူလေးကလည်း ကြံဖန်ပူတယ်။ အမေကြီးက လူလေးစားရအောင် ကြောင်အိမ်ထဲက ကြွေအုပ်ထဲ ဖွက်ထားမှာပေါ့..”

အမေကြီးကပြောပြတော့ ဖိုးမောင် ခဏငြိမ်လိုက်ပြီစဉ်းစားဟန်ပြုသည်။

စဉ်းစားပြီ ခဏ အကြာတော့ အမေကြီး နားနားလေးကပ်ပြီ

“အမေကြီး ထန်းရည်အိုး ရော ဖွက်ထားနော် ..”

“ထန်းရည်အိုးတော့ အမေကြီး ဖွက်လို့မရဘူးလေ မြေးရဲ့ ..”

ကြက်ပေါင်တော့ ကျွေးမယ်။ ထန်းရည်တော့ မတိုက်ဘူးဆိုတဲ့ အမေကြီး သဘောကို ဖိုးမောင် နားလည်လိုက်ပါပြီ။

ဒါ့ကြောင့် ရှေ့ဆက်မပြောဘဲ အိမ်နတ်တင်တဲ့နေ့ ရောက်လျှင်မည်သို့ မည်ပုံ ထန်းရည် ခိုးသောက် မည်ကိုပဲ စဉ်းစားလိုက်သည်။

စဉ်းစားသည့်အထဲ အိမ်ကအစ်မတွေ စာမေးပွဲဖြေပြီ ပြန်လာမည့် ‌အကြောင်းလည်းပါသည်။

မမတို့က ကျောင်းက ပြန်လာလျှင် ဖိုးမောင် အတွက် ခဲတံ ၊စာအုပ်၊ခဲဖျက် ပုံစံအသစ်ကလေးတွေအပြင် ဖိုးမောင်ဖတ်ဖို့ ကာတွန်း စာအုပ်ကလေး တွေ ၀ယ်လာတတ်ပါသည်။

ထို့ကြောင့် မမတို့ကို ဖိုးမောင် မျှော်ပါသည်။
သို့ပေသည့်  နတ်တင်တဲ့နေ့ ကိုတော့ မမတို့ မရှိစေချင်။

မမတို့ရှိလျှင် ဖယောင်းတိုင်မီးငြိမ်း နတ်ကတော်ကြီးက

“ ကြာသပတေးသား နဲ့ စနေသမီး  တို့က အမိဖက်က ဆိုင်သောနတ် ၊အဖဖက်က ဆိုင်သော နတ် ဆိုင်ရာဆိုင်ရာ နတ်များကို အရိုသေပေးတင်မြှောက်ပါတယ်။

စီးပွား လာဘ်လာဘများ တိုးပွားအောင်
စောင့်ရှောက်ပါ။ စောင့်‌ကြည့်တော်မူပါ။ စောင်မ တော်မူပါ။

စပါး နဲ့ နွား နဲ့ အညာသား(Completed)Where stories live. Discover now