စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
(၂၆)
ပိတ်စကလေး အရင်းတိုင်းပါသွား လို့နှမြောပင်မယ့်ဈေးကုန်တွေ နှင့် အားကိုးစရာ ယောကျာ်းပါလာသည်ကိုတော့
ထားထားဦး ပျော် နေသည်။လိုင်းကားပေါ် တက် သည့်အချိန် ဆင်းသည့် အချိန် ယောကျာ်းကသွက်သွက်လက်လက် ကုန်တင်ကုန်ချ ဦးဆောင် လုပ်ပေးလေတော့ထားထားဦးတို့ အမောကိုပြေလို့။
အမေ နဲ့ သားမိ နှစ်ယောက် ဈေး၀ယ်ရင် ဒီလိုအများကြီး တစ်ခါတည်းမ၀ယ်ရဲ။
လိုင်းကား မမီမှာ ကြောက်ရ။
လှေဆိပ်က စက်လှေ မမီမှာကြောက်ရ နဲ့ သုတ်ခြေတင် လိုက်ရတာများနောက်ကနေ ကျားလိုက်နေသလိုကို လမ်းလျှောက်ရသည်။
အခုတော့ ကားပေါ်ကဆင်း တစ်ခါတည်း ကိုယ့်စက်ဘီး တောင်းထဲကုန်တွေထည့် ပြန်ရုံပဲပေါ့။
နောက်ပြီ နောက်ကျမှာလည်း မစိုးရိမ်ရပါဘူးတော်။ အားကိုးစရာ အဖော် ယောကျာ်း တစ်ယောက်လုံးပါတော့။
ထားထားဦးသည်လိုတွေးရင် ကိုယ့်ယောကျာ်းကို စိတ်ထဲကနေ လေးစားနေခိုက် စက်ဘီးအအပ်ခံ အခကြေးငွေ ယူစောင့်ရှောက်ပေးသည့်အမျိုးသမီးက စက်ဘီးထုတ်ပေးရင် သူမခင်ပွန်းကို ဆဲဆိုနေသည်။
“မသာ ၊သူတောင်းစား ဒီ စောက်ရည်ကိုပဲသောက် ။
ဘယ်ချိန်ကများ ငါ့လွယ်အိတ်ထဲကနေ ပိုက်ဆံ နိူက်သွားမှန်းမသိ။
အလုပ်ကျ ဖြောင့်အောင် မလုပ်ချင်ဘူး။ ငတ်ကြီးနာ ကျဖို့တော့ အတော်တတ် ။ မသာ လုပ်မစားချင်ရင်တောင်းစား ..တောင်းစား..”
အမျိုးသမီးက ထိုသို့ဆဲဆိုနေချိန် သူမခင်ပွန်းက ငြိမ်ခံနေသည်တော့
မဟုတ်။“အေး ..တော်တော့နော် ၊နင်ဆက်မပြောနဲ့ ။ ဆက်ပြောရင် ငါ လက်သီးနဲ့ ထိုးတော့မှာနော် .. ဟွင်း ..သည်းခံနေတာကို အရောင်မတက်နဲ့ ၊နာတော့မယ် ဟွင်း .. ဟွင်း ..”
လက်သီး တပြင်ပြင် ဖြင့် ပြန်ကြိမ်းမောင်းနေ၏။
ထိုမြင်ကွင်း ကို အစ အဆုံး မြင်ပြီးနောက် ထားထားဦးတို့ ဇနီးမောင်နှံ အကြည့်ချင်းဆုံမိသည်။
YOU ARE READING
စပါး နဲ့ နွား နဲ့ အညာသား(Completed)
Romance"လမင်း ကြီးကို မြင်တယ်လေ ဟယ်.." "လမင်းကြီးက မလှဘူးလား .." "လမင်းကြီးပါဆို လှတာပေါ့တော် ၊ ၀င်း၀င်းပပကလေးနဲ့ သူ့ကြည့်ရင် မျက်စိကလေးကိုအေးလို့ .." "အေး .. နင် နဲ့တူတယ် .." မြကျော် စကားကြားတော့ ထားထားဦးငြိမ်သက်သွားပြီရင်ထဲ မပြောပြတတ်သော ကြည်နူးမူ့ကလေးတွ...