စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
(၁၉)
မုတ်သုံရာသီ စဖို့ လေပြင်းတွေက အရင်ကြိုတင် တိုက်ခတ်လေပြီ။
နွေစပါး တွေကို မိုးမလာခင် ကျီထဲ အမီ သိမ်းကြ။
နှမ်းတွေကို အမြန်ခါကြ။
တောင်သူလယ်သမားများ လုပ်အား ချွေတာနေလို့မရ။
ဆိုင်းမဆင့်ဗုံမဆင့် ကောင်းကင်ကြီးက ရုတ်တရက် တိမ်မည်းကြီးတွေ တလိမ့်လိမ့် တက်လာပြီ ဆို ရင်တမမ။
“ဟဲ့ .. ဟဲ့ .. လေ တွေ လာပြီ မိုးပါ ပါ လာမလား မသိဘူး တော့။
လုပ်ကြ ဟေ့ သွက်သွက် လက်လက်။
မိုးများမိလျှင် စပါးတွေ အညှောင့် ပေါက် ကုန်မယ်။
နေထုတ်လှန်း ထားတဲ့ စပါးတွေ ကျီထဲ သိမ်း… သိမ်း ။
သိမ်းဆိုတော့ သူ သူငါငါ တင်းတောင်း တွေထဲ စပါးထည့် ခေါင်းပေါ်ရွက် ကျီခန်းထဲ အမြန်ပို့။
ခါပြီးသား နှမ်းတွေလည်း ဂုန်နီအိတ်ထဲထည့် ..”
သိမ်းလိုက်ကြ ဆည်းလိုက်ကြတာ ချွေးတွေထွက် ဖတ်ဖတ်ကို မောလို့။
ခဏ အကြာ ရွာတော့မယ် ဟန်ပြင်နေတဲ့ မိုးခဲကြီးက ပျယ်ပြီ နေရောင်ကလေးများ မြင်လိုက် ရရင် ချွေးထွက်အောင် တောင်း ရွက်
ထားသူတွေမှာ မကျေမချမ်း
“ ဖေ -ုိးမ မိုးရယ်တော် စောစောကပဲ..
အခုပဲရွာချတော့မလိုလို ဟန်တွေနဲ့ ..”
“ဟုတ်ပါ့တော် .. “
သည်လို ညည်းရင် ညူရင် နဲ့ပဲ စပါးတွေ ကျီထဲ ရောက် ။
ထုတ်ရောင်းသူက ရောင်း။ ဆန်စက် မှာ သွားကြိတ်သူတွေကကြိတ်။
နှမ်းတွေ လည်း ထိုနည်းတူဂုန်နီအိတ်ထဲထည့်။
မန္တလေးမြို့ပေါ် သွားရောင်း သူကရောင်း။
ဆီစက် ရှိရာ နှမ်းသွားကြိတ် သူကကြိတ်။
ရွာထဲက ဆုံလည် ကြိတ် နှင့် နှမ်းကြိတ်သူကကြိတ်။
ဤသို့ဖြင့် စပါး ၊နှမ်း သိမ်းဆည်းချိန် ကုန်ခဲ့၏။
တစ်ရာသီ သီး ပြီသော် နောက်တစ်ရာသီ စိုက်ဖို့ ပျိုးဖို့ မျိုးစပါး ကြဲ ချိန်ကို ရောက်လာသည်။
YOU ARE READING
စပါး နဲ့ နွား နဲ့ အညာသား(Completed)
Любовные романы"လမင်း ကြီးကို မြင်တယ်လေ ဟယ်.." "လမင်းကြီးက မလှဘူးလား .." "လမင်းကြီးပါဆို လှတာပေါ့တော် ၊ ၀င်း၀င်းပပကလေးနဲ့ သူ့ကြည့်ရင် မျက်စိကလေးကိုအေးလို့ .." "အေး .. နင် နဲ့တူတယ် .." မြကျော် စကားကြားတော့ ထားထားဦးငြိမ်သက်သွားပြီရင်ထဲ မပြောပြတတ်သော ကြည်နူးမူ့ကလေးတွ...
