Part 9 (U+Z)

1K 21 6
                                    

ညနေရောက်တော့ဆရာနဲ့ကျွန်တော်ပွဲစျေးကိုအတူတူသွားကြသည်။

ဆရာပုံစံက ဒီနေ့ကျမှပိုခန့်ညားနေသလိုပင်..။ဆရာ ကမင်းသားရှုံးအောင်ချောတာပဲ။

ကျွန်တော်တို့ပွဲစျေးတန်းထဲရောက်တော့လူတွေကတဖြည်းဖြည်းနဲ့ ကျပ်ကျပ်တိုးလာသည်။

"လာ...ကလေး..ကိုယ့်လက်ကိုမြဲမြဲကိုင်ထား.."

ဆရာကရုတ်တရက်ကျွန်​ေတာ့်လက်ကိုဆွဲကိုင်လိုက်သည်။

ဆရာရဲ့လက်ဖုဝါးအကြီးကြီးထဲမှာကျွန်တော့်ရဲ့လက်သေးသေးလေးကမြုပ်နေသည်။

ပွဲစျေးတန်းဆိုတော့ လူတွေ၊စျေးသည်တွေနှင့်ရှုပ်ရှက်ခက်နေသည်။

"ချာတိတ်... ဘာစားချင်သ​လဲ..ကိုယ်ဝယ်ကျွေးမှာပေါ့"

"အာ...ခုတော့မစားချင်သေးဘူးဆရာ...အရင်ဆုံးပင်လယ်ဓားပြစီးရအောင်"

"အော်...ချာတိတ်ကပင်လယ်ဓားပြစီးချင်တာလား"
"စီးရဲလို့လား....ချာတိတ်... အပေါ်ရောက်ခါမှရပ်ခိုင်းလို့မရဘူးနော်"

"နွေ စီးရဲပါတယ်ဆရာရဲ့...လာပါစီးရအောင်နော်..နော်လို့"

နွေဂန္ဓာဦး ရှိန်းဂုန်ရောင် လက်ကိုအတင်းဆွဲကာပင်လယ်ဓားပြပေါ်သို့တက်လိုက်သည်။

အပေါ်ရောက်တော့ နွေဂန္ဓာဦး အစွန်ဆုံးခုံကိုရွေးကာထိုင်လိုက်သည်။

"လာ..ဆရာဒီမှာထိုင်ရအောင်."
"အလယ်ဘက်မှာထိုင်ရင် ပုခတ်လွှဲနေသလိုကြီးဖြစ်မှာဆိုးလို့"

"ကဲ...သဘောပါဗျာ...ကိုယ်ကချာတိတ်ကြောက်မှာကိုပဲဆိုးတာ"

"မကြောက်ပါဘူး... ဆရာကလဲ..
နွေ ငယ်ငယ်ကဆိုရင်သစ်ပင်ခေါင်ဖျားထိတောင်တက်တာ"

"ဟုတ်ပါပြီဗျာ... ကလေးလေးသဘောပါနော်"

ခနအကြာမှာတော့ ပင်လယ်ဓားပြကြီးကို လူတစ်ယောက်ကစတင်လွှဲလိုက်သည်။

အစပိုင်းမှာတော့ ပုခတ်လွှဲသလိုထင်ရပေမယ့် အရှိန်ရလာတော့ ရိုလာကိုစတာစီးသလိုမျိုးဖြစ်လာသည်။

"အမေ့ရေ....အားး..သားကြောက်တယ်"
ကယ်ကြပါအုံး...ရပ်ပေးပါတော့...ကျွန်တော်မစီးချင်တော့ဘူး"

He's mine❤️✨ (Completed )Where stories live. Discover now