Ones in the Millions (Part-48)
Onew pov-
'Kibum.. ဟုတ်လား??´
'.....´
'Kibum.. ah?!!´
ထိန့်လန့်နေသော Kibum မျက်နှာအား ကြည့်ရင်း သူ ထပ်မေး လိုက်လေသညိ..။
'ဒါ Jonghyun ပစ္စည်း တွေလားလို့?´
'ဟုတ်..ဟုတ်တယ်..´
'ဘာ..?´
Kibum ရဲ့ စကား အဆုံး သူပါ အရုပ်ကျိုးပြတ် ဖြစ်သွားလေသည်..။
// ဒါ..ဒါဆို Jonghyun က??//
'အလောင်းက လောလောဆယ် စစ်ဆေး နေလို့ မနက်ဖြန် ကျမှ ကြည့်လို့ရမယ်.. ပစ္စည်း တွေအရတော့ ဒီက ညီလေး တို့ရဲ့ သူငယ်ချင်း ဆိုတာ သေချာတယ် ပေါ့?´
တာဝန်ကျ ဆရာရဲ့ စကားကို သူကော Kibum ကော ဘာပြန်ပြောရမလဲ မသိပဲ နှုတ်ဆိတ်နေကြလေသည်..။
သူ အတွေးထဲတွင် လည်ပတ်နေတာက Jonghyun ဆုံးသွားပြီ ဆိုတာ ကို Miyoung အား ဘယ်လို ပြောရမလဲ မသိတာ ကိုပင်..။ အခု စိတ်နဲ့ဆို Miyoung တစ်ခုခု ဖြစ်သွားမှာ လဲ ဆိုးသေးသည်..။
Kibum မှာ Jonghyun ကိစ္စကော Miyoung ကိစ္စပါ တစ်ပြိုင်နက်တည်း ဖြစ်လာ သဖြင့် ခံနိုင်ရည် မရှိတော့ သည်ပုံပင်..။ ဘယ်လိုပဲ ပြေပြော နှစ်ယောက်လုံး နှင့် Kibum မှာ အရင်းနှီးဆုံးသော သူငယ်ချင်း ဖြစ်လေသည် ။
**********
-Taemin's pov-
မင်းလို အသုံးမကျတဲ့.. သူများကို ဒုက္ခ ပေးဖို့လောက်ပဲ သိတဲ့ ရောဂါသည်.. အသက်ဆက်ရှင် နေလို့ ဘာထူးမှာလဲ?
သူ မျက်ရည်များအား သုတ်ကာ ရှေ့ကာ ကန်ရေပြင်အား ကြည့်ရင်း မတ်တပ် ထ, ရပ်လိုက်လေတော့သည်..။
'Yahh..!! Norr Boha nya??!!´
သူ ရေစပ် အရောက် အနောက်မှ အော်သံ ကြားလိုက်သဖြင့် လန့်ကာ လှည့်ကြည့်လိုက်လေသည် ။
'ဘာလုပ်တာလဲ? ရူးနေတာ လား?!!´
Minho , Taemin လက်အား ဆောင့်ဆွဲကာ အပေါ်သို့ ဆွဲတင် လိုက်လေသည်..။
YOU ARE READING
Ones in the Millions(Hiatus)
RomanceSHINee : ကျွန်တော် တို့ 5ယောက် လုံး ကောင်မလေး တစ်ယောက်တည်း ကို မတူညီတဲ့ ပုံစံမျိုးနဲ့ တွေ့ဆုံ ခဲ့ပြီး တူညီတဲ့ အချစ် တစ်မျိုးတည်း နဲ့ ချစ်မိခဲ့ ကြတယ်..။ Park Miyoung (Reader) တစ်ချိန်ထဲမှာ လူ 5 ယောက် လုံးကို ချစ်မိသွားဖို့ ဆ...