Episode (1)

3.2K 18 0
                                    

ဆူညံနေသော နားနေခန်းထဲတွင် Dawn တစ်ယောက် အလုပ်ရှုပ်နေသည်။

အမှန်တော့ သူမ အခုလိုမျိုး အသည်းအသန် လုပ်နေစရာမလိုပါ။

သူမ ပြင်ဆင်ထားသည့် Project အတိုင်းသာဆိုလျှင် သူမ အနိုင်ရမည်မှာသေချာသည်။

သို့သော် ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲ၏ လှည့်ကွက်ကြောင့်  Dawn ကော သူမ၏ ပြိုင်ဖက်ပါ အကျပ်ရိုက်သွားကြလေသည်။

ပြင်ဆင်ချိန်မှာ ၁၅ မိနစ်သာရတော့သည်။

Anna တော့ သွားပြီထင်တယ်

Dawn တစ်ယောက်တွေးမိပြီး ရယ်လိုက်မိသည်။

Dawn ရွေးထားသော သီချင်းသည် မြူးမြူးကြွကြွဖြစ်ပြီး Anna ရွေးချယ်ထားသော သီချင်းမှာ အဆွေးသီချင်း ဖြစ်သည်။

Annaသည် အဆွေးသီချင်းများကိုသာပိုင်နိုင်သူဖြစ်သည်။

Annaသည် ကိုရီးယားလူမျိုး ဖြစ်သော်လည်း အသားညိုသည်။
ကိုယ်လုံးကိုယ်ပေါက်လှကာ အရပ်ရှည်သည်။ မျက်လုံးများမှာ တောက်ပပြီး ယုံကြည်ချက်အပြည့်ရှိသူ၊ ရုပ်ကလေးကလည်းချောသည်

သို့သော် စိတ်ဓာတ်ကတော့ ဟိုးအောက်ဆုံးမှာ။

Dawnကို အလွန်ပင်မနာလိုသူ၊ အမြဲဒုက္ခပေးသူဖြစ်သည်။

Dawn၏ ပြိုင်ဘက်အကြီးစားဟု ဆိုလျှင်လည်းမမှားပါ။

ဒီတစ်ခါတော့ Dawn သူ့ကို လုံးဝ အလျှော့ပေးမည်မဟုတ်။
သူ Dawn ကို ဒုက္ခပေးတာများပြီ။
Dawn သီချင်းစာသားကျက်နေရင်းနှင့် ကြိမ်းလိုက်သည်။
ဒီတစ်ခါတော့ တော်တော် ကံကောင်းတယ်ပဲပြောရမလား

Anna ရွေးချယ်ထားသော သီချင်းမှာ Dawn အလွန်ပင်နှစ်သက်သည့် သီချင်းဖြစ်နေသည်။ 
စာသားကို အများကြီး မှတ်စရာမလိုပါ။
သို့သော် Dawn ၏ အသံနှင့် မလိုက်ဖက်မှာကိုပဲစိုးရိမ်မိသည်။

ထိုအချိန်

"Dawn နင် အဆင်သင့်ဖြစ်ပြီလား"

"စာသားတော့ရပါပြီ ဒါပေမဲ့ ငါ့ အသံနဲ့ လိုက်ပါ့မလားဟ"

"စိတ်ပူမနေနဲ့ နင်ပဲနိုင်မှာ သိလား ငါ Anna ဆီသွားကြည့်ပြီးပြီ သူငိုနေတယ်"

Dear My Cold Bossy President Where stories live. Discover now