"Dawn....Dawn ကိုတွေ့ပြီလား"
အတွင်းရေးမှူး Kim ၏ ပခုံးများကို ကိုင်လှုပ်ပြီး စိတ်လှုပ်တရှား မေးနေသော Arvin ကို ကြည့်ပြီး သူ သက်ပြင်းဖွဖွချမိသည်။
သူခေါင်းခါပြလိုက်ပြီး လက်ထဲမှ ဒေါက်ဖိနပ်လေးကို ပေးလိုက်သည်။
"ဒီဟာပဲတွေ့ခဲ့တယ် ဆရာ"
Arvin အတွင်းရေးမှူး Kim ၏ လက်ထဲတွင်ကိုင်ထားသော အဖြူရောင် ဒေါက်ဖိနပ်လေး တစ်ဖက်ကို သူလှမ်းယူလိုက်ပြီး မျက်ရည်များဝဲတက်လာတော့သည်။
ဖိနပ်၏ အနောက်လေးကို လှန်ကြည့်လိုက်လျှင်တော့ AD ဟူသော တံဆိပ်လေးထိုးထားသည်။
သေချာပါသည်။ သူချစ်ရသော ကောင်မလေး၏ မင်္ဂလာပွဲနေ့က စီးထားတဲ့ ဒေါက်ဖိနပ်ကလွဲလို့ ဘယ်သူ့ဟာဖြစ်နိုင်ဦးမလဲအဖြူရောင် ဒေါက်ဖိနပ်လေး အပေါ် အရည်ကြည်လေးတစ်စက်ကျသွားတော့သည်။
..........................
.........................."Arvin..."
Laptop တစ်လုံးဖြင့် အလုပ်ရှုပ်နေသော်လည်း ခေါ်သံကြောင့် သူ မျက်ခုံးပင့်ကြည့်လိုက်တော့ Dawn က သူ့ပေါင်ပေါ်တွင်ဝင်ထိုင်ကာ သူ့လည်ပင်းကို သိုင်းဖက်လာသည်။
"ဘာလဲ ကိုယ်အလုပ်ရှုပ်နေမှန်းသိရက်နဲ့ ကလေးက ကိုယ့်ကို ထိန်းမရအောင်မလုပ်နဲ့ကွာ"
သူ Laptop ကို ပိတ်ပြီး ပြောင်စပ်စပ်ဖြင့် သူမကိုကျီစယ်လိုက်တာကြောင့် Dawn ၏ ပါးပြင် ၂ ဖက်မှာ ရဲခနဲဖြစ်သွားကာ တစ်ဖက်ကို လှည့်သွားပြီး
"အရှက်ကိုမရှိဘူး...."
Dawn ပြောလိုက်သော အသံမှာ တိုးတိုးလေးဖြစ်သော်လည်း သူကြားလိုက်ရတာကြောင့် မျက်ခုံးတစ်ဖက်ပင့်လိုက်ကာ
"အရှက်မရှိတာ ဘာလဲဆိုတာပြရမလား"
ဟုဆိုကာ Dawn ၏ တင်ပါးလေးကို ညှစ်လိုက်သည်။
"ရှင်! ဘယ်လိုဖြစ်နေတာလဲ company မှာကို..."
သူ့ပေါင်ပေါ်က ကောင်မလေးမှာ အလန့်တကြား ငြင်းဆန်လိုက်ပြီး ထပြေးရန် ပြင်တော့ သူက သူမလက်ကောက်ဝတ်ကိုဆွဲပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ သူမ၏ ခေါင်းကို ထိန်းကိုင်လိုက်ပြီး သူမ နှုတ်ခမ်းဖူးဖူးလေးကို နမ်းရှိုက်လိုက်သည်။
YOU ARE READING
Dear My Cold Bossy President
Romanceကျိကျိတက် ချမ်းသာတဲ့ Male Lead နဲ့ ဘဝကို ရုန်းကန်နေရတဲ့ Female Lead တို့ရဲ့ ရင်ခုန်ဖွယ်အချစ်ဇာတ်လမ်း ဘယ်လိုတွေဆက်ဖြစ်လာမလဲ "ရှင်ဘာလို့ ဒီလောက်ပြောရဆိုရခက်ပြီး ခေါင်းမာရတာလဲ" "မင်းယောက်ျားမို့လို့" 🚨တွေပါတာမို့ ၁၈ ယောက်ပြည့်မှ ဖတ်ကြပါလို့ လိုအပ်ခ...