Episode (19) 🚨

1.6K 12 0
                                    

မင်္ဂလာပွဲနေ့

သူမ မိတ်ကပ်လိမ်းသည့် အခန်းထဲတွင် မိတ်ကပ်ဆရာအခြောက်က ကွက်ကြည့်ကွက်ကြည့်ဖြင့် ကြည့်ကာ သူမနားကပ်လာပြီး

"Dawn ဘာလို့သူတို့တွေက အဲ့လိုကြီးတွေ ငါ့ကိုကြည့်နေကြတာလဲဟင်"

မိတ်ကပ်ဆရာအခြောက်၏ အသံမှာ အနည်းငယ်တုန်ယင်နေသည်။ သူလန့်နေသည်ဆိုတာ Dawn သိသည်။ မိတ်ကပ်ဆရာ လန့်လည်းလန့်ချင်စရာလေ။

အခန်းထဲမှာ Dawn နဲ့ မိတ်ကပ်ဆရာအခြောက် အပြင် Dawn ကို အနီးကပ်စောင့်ရှောက်သည့် အမျိုးသမီး သက်တော်စောင့် ၂ ယောက်နဲ့ အခန်းဝမှာ အမျိုးသား သက်တော်စောင့် ၄ ယောက် အခန်းအပြင်မှာ သက်တော်စောင့် ၆ ယောက် က ထပ်စောင့်နေသေးသည်။

သူမ သက်ပြင်းတချက်ချပြီး သူမဘေးမှာ ရပ်စောင့်နေသည့် သက်တော်စောင့် အမြွှာညီအစ်မကိုခေါ်လိုက်သည်။

"Moonရေ သူတို့ ၄ ယောက်ကို အခန်းအပြင်မှာ စောင့်ခိုင်းလိုက်ပါ Dawn စိတ်အနှောင့်အယှက်ဖြစ်လို့"

"ဒါပေမယ့် သခင်လေးက..."

"ခဏနေရင် ဝတ်စုံဝတ်တော့မှာ သူတို့ရှိနေရင် ဘယ်လိုလဲမလဲ မင်းတို့ သခင်လေးက ငါအဝတ်လဲတာကို သူတို့ ၄ ယောက်ကို ကြည့်နေခိုင်းမှာလား"

Dawn ၏ စကားကြားတော့မှ Moon ဆိုသည့် သက်တော်စောင့် မိန်းကလေးက အခန်းထဲမှာ စောင့်နေသည့် သက်တော်စောင့် ၄ ယောက်ကို အပြင်ထွက်ခိုင်းလိုက်သည်။

မင်္ဂလာပွဲမတိုင်ခင် ၉ ရက်အလိုထဲက သူမ ဘယ်သွားသွား ဘာလုပ်လုပ် သူမနောက်ကို တကောက်ကောက်လိုက်နေသည့် သက်တော်စောင့် ၁ သိုက်နှင့် Dawn စိတ်ညစ်လှပါသည်။

သွားလေရာမှာ လူတွေအကုန်ဝိုင်းကြည့်တာလည်းခံရသေးသည်။ Arvin ကတော့ သူမကို စိုးရိမ်လို့ဆိုသော အကြောင်းပြချက်နှင့် သူမနောက်ကို သက်တော်စောင့် ၁ သိုက်ကို လိုက်ခိုင်းခဲ့သည်။ မိန်းကလေး သက်တော်စောင့် ၂ ယောက်နဲ့ လုံလောက်ပါတယ်ဟု Dawn ပြောသော်လည်း လက်မခံပါ။

သက်တော်စောင့်တွေ စရောက်လာသည့်နေ့က Dawn မှာ အံ့ဩနေတာကြောင့် ဘာမှမပြောနိုင်။ ပြောပြန်တော့လည်း သူက လက်မခံ။

Dear My Cold Bossy President Where stories live. Discover now