Episode (25)

1K 15 0
                                    

သူမ ဒီနေရာမှာ နေတာကြာလာတာနဲ့ အမျှ ရွာသူရွာသားတွေနဲ့ အတော်လေး ရင်းနှီးလာသည် ဟုပြောရမည်။

အခုဆိုလျှင် သူမ ဒီရောက်နေတာ ၁ လ ပြည့်ပြီပင်။

သူမ ဒီရွာအကြောင်းတင်မက ရွာသားတွေ အကြောင်းလည်း သိခဲ့ရပြီ။ ရွာသူရွာသားတွေမှာ သူမကို ဖော်ဖော်ရွေရွေ ဆက်ဆံကြပြီး ချစ်လည်းချစ်ကြသည်။ အထူသဖြင့် သုံးမြွှာပူးပင်။

ချစ်စရာကောင်းပြီး လူရည်လည်သည့် ၄ နှစ်အရွယ်သာရှိသေးသည့် သုံးမြွှာပူးမှာ သူမ သတိရလာသည့် ထိုနေ့တည်းက သူမအနားသာကပ်နေကြတော့သည်။

အခုလည်း ထိုနည်းတူပင် သူမ အနားတွင်သာ။
Crystal တစ်ယောက် ကမ်းခြေဘက်တွင် သဲနှင့်ဆော့နေသော သုံးမြွှာပူးကို တစ်ချက်လှမ်းကြည့်လိုက်သည်။

သုံးမြွှာပူးထဲမှ အကြီးမလေးဟာ စကားအတတ်ဆုံး။ အငယ်မလေးကတော့ သူ့အပြစ်လွတ်အောင် သူပြောတတ်သည်။ အမြဲတမ်းခံနေရတာတော့ ကြားထဲက အလတ်မလေးပင်။ သို့သော် ၃ ယောက်စလုံးကတော့ လူလည်မလေးတွေချည်း။

တစ်ရွာလုံးမှာ သုံးမြွှာပူးကို မသိသူမရှိ။ အကုန်လုံးကလည်း ချစ်ကြသည်။ ရွာ၏ အငယ်ဆုံးဖြစ်သလို လူလည်အကျတတ်ဆုံးဖြစ်ကြောင်း သူမနေနေသည့် အိမ်ပိုင်ရှင် အဘွားက သူမကို ပြောပြသေးသည်။ သူမက သုံးမြွှာပူးဟာ လိမ္မာကြောင်း ပြောမိတုန်းက

"Crystal ရယ် သမီးမသိလို့ပါ အဲ့ သုံးမြွှာပူးကလေ တကယ့် အမွှေစိန်တွေဟဲ့" ဟူ၍ အဘွားအိုက ပြန်ပြောသည်။

"တစ်ရွာလုံး အဲ့ သုံးမြွှာပူး မွေးလာတည်းက ငြိမ်ငြိမ်လေးနေရတယ်ဆိုတာမရှိပါဘူးအေ"

Crystal ကသိချင်တာကြောင့် မေးခွန်းပြန်ထုတ်လိုက်မိသည်။

"ဘာလို့လဲ အဘွားရဲ့"

အဘွားအိုက သဘောတကျဖြင့် ပြုံးရယ်လျက်ဖြင့်

သုံးမြွှာပူး၏ အမေမှာ မွေးခါနီး ရေမွှာပေါက်သွားတာကြောင့် မနည်းကယ်ခဲ့ရကြောင်း၊ သုံးမြွှာပူးကို မွေးပေးသည့် ဆရာဝန်မှာ Will ဖြစ်ကြောင်း၊ အမေရော ကလေးပါ အသက်ရှင် ဘေးကင်းဖို့ ရွာသားတွေ အကုန် ကမ်းစပ်မှာရှိသည့် နတ်ကွန်းတွင် သွားဆုတောင်းကြကြောင်း၊ အမြွှာအငယ်လေးကနောက်ဆုံးမှ ထွက်တာကြောင့် ဉာဏ်မမှီမှာ စိုးရိမ်ကြကြောင်း၊ မွေးလာပြီး လမ်းလျှောက်တတ်ခါစတည်းက မျက်စိတောက်ထောက်လိုက်ကြည့်နေရကြောင်း ဖောက်သည်ချပါတော့သည်။

You've reached the end of published parts.

⏰ Last updated: Jun 16 ⏰

Add this story to your Library to get notified about new parts!

Dear My Cold Bossy President Where stories live. Discover now