Episode (3)

1.2K 14 0
                                    

Dawn ၏ရှေ့တွင်ရပ်နေသူသည် Ruby မဟုတ်ပဲ Arvin ဟူသော သွေးအေးသတ္တဝါ ရောက်နေခြင်းဖြစ်ပေသည်။

"ရှင်...ရှင်က ဒီကို ဘယ်လိုရောက်လာတာလဲ ကျွန်မနောက်ကို လိုက်လာတာလား"

Dawn လန့်ပြီး အသံတွေပါ တုန်နေသည်မှာ ဖုံး၍မရ

Arvin ဘာမှမပြောပါပဲ သူမအားစိုက်ကြည့်နေသောကြောင့် Dawn ပိုလန့်သွားပြီး မျက်နှာလေး နီရဲလာကာ သူမ ခန္ဓာကိုယ်လေးအား လက်၂ ဖြင့် ကာလိုက်ပြီး

"ရှင် ကျွန်မဆီက ဘာလိုချင်လို့လဲ?"

Dawn ပြောလိုက်တော့ သူ၏ နှုတ်ခမ်းပါးများ ဟလာလေသည်

"အဲ့တာက ငါမေးရမှာ မင်း ငါ့ဆီက ဘာလိုချင်လို့လဲ"

မျက်မှောင်ကြုံ့ပြီး သူမအားကြည့်နေသော မျက်ဝန်းများမှာတော့ အေးစက်တည်ငြိမ်နေလေသည်

သူပြောနေရင်းနှင့်ရှေ့တလှမ်းချင်းတိုးလာသည်

Dawn နောက်တစ်လှမ်းဆုတ်လိုက်သည်။
သူရှေ့ဆက်တိုးလာသည်

"ရှင် ရှေ့ဆက်မတိုးနဲ့နော်"

ပြောရင်း နောက်ကိုလည်း ဆုတ်ရင်း ခုတင်နှင့် တိုက်မိပြီး နောက်ပြန်လန်ကျသွားလေသည်။

ထိုအခါမှ Arvin က Dawnအား လက်တဖက်ဖြင့် လှမ်းဖမ်းလိုက်ရာ Dawn က သူ့လက်ကိုပါ ကြောက်လန့်ပြီး ဆွဲလိုက်သဖြင့် ခုတင်ပေါ်သို့ ၂ ယောက်သား ကျသွားလေ၏

နူးညံ့အိစက်နေသော ခုတင်နှင့် ကျောပြင်မှာ ထိနေပြီး ရှေ့တွင် စူးရှသော မျက်ဝန်းတစုံနှင့် ခန့်ညားချောမောသောမျက်နှာအား အနီးကပ်မြင်နေရလေသည်။

Dawn မှာ မျက်နှာ ဘယ်နားထားရမှန်းမသိ ပန်းသီးလိုနီရဲတက်လာသောကြောင့် လက်၂ဖက်ဖြင့် မျက်နှာအား အုပ်လိုက်သည်

သူ့အရှေ့တွင်ရှိနေသော မိန်းကလေး၏ မျက်နှာမှာ
ပန်းသီးလေးလို နီရဲနေပြီး ရှက်သွေးဖြာနေသည်မှာ နားရွက်တွေပင် နီနေလေသည်။

ခန္ဓာကိုယ်သေးသေးလေးနှင့် ဖြူဖွေးနေသော အသားအရေပေါ်၌ အဖြူရောင် တဘက်တထည်သာ
ရှိသောကြောင့် သူမ ပခုံးသားလေးမှာ ပေါ်လွင်နေ၏။

Dear My Cold Bossy President Where stories live. Discover now