"ဘွားဘွား Dawn လက်ထပ်တော့မယ်"
"ဟင်"
ဘွားဘွားမှာ အံ့ဩလျက်
"ဟိုကောင်လေးနဲ့လား သမီး"
"ဟုတ်တယ် ဘွားဘွား သူက သမီးကို လက်ထပ်ဖို့ပြောတယ်"
ဘွားဘွားက မျက်လုံးများ ပိတ်မတက် ပြုံးလိုက်ပြီး
"ကောင်းတာပေါ့ မြေးလေးရဲ့ အဲ့ကောင်လေးကို ကြည့်ရတာ သမီးကို အတော်လေး ချစ်ပုံပဲ လူကောင်းလေးပါကွယ်"
"သမီးလည်း သူ့ကို ချစ်တယ် ဘွားဘွား"
"မင်္ဂလာပွဲက ဘယ်တော့လဲ"
"ရက်တော့မရွေးရသေးဘူး ဘွားဘွား ဒါပေမယ့် ဘွားဘွားက အဲ့ပွဲမှာ ရှိနေရမှာနော်"
"ရှိရမှာပေါ့ အဘွားရဲ့ တစ်ယောက်တည်းရှိတဲ့ မြေးမလေး မင်္ဂလာဆောင်တာ မရှိလို့ရမလား"
"အာ့ကြောင့် ဘွားဘွားကို ချစ်တာ"
Dawn က လူအိုကြီးကို ကပ်ချွဲပြီး တင်းကျပ်စွာ ဖက်ထားလိုက်သည်။
"လူလည်မလေး"
..............
..............Dawn ဆေးရုံကနေပြန်ဖို့ အချိန်ကြည့်တော့ ညနေစောင်း ၅ နာရီခွဲနေလေပြီ။
ဆေးရုံဝင်ပေါက်နားရောက်သည့်အချိန် ဖုန်းဝင်လာတာကြောင့် သူမ အမြန်ဖုန်းကိုင်လိုက်သည်။
"ဟယ်လို"
"ဟယ်လို ချစ်ဇနီးလေး" ဆွဲဆောင်မှုရှိတဲ့ အသံခပ်ဩဩနှင့် ထိုလူက Dawn ဘာမှပြန်မပြောရသေးခင် ဆက်ပြော၏။
"ဘယ်မှာလဲ Dawn"
"ဆေးရုံကအခုပဲ ပြန်မလို့"
"အပြင်ကို ကြည့်လိုက်"
Dawn အပြင်ဘက်ကို ကြည့်လိုက်တော့ ဆေးရုံရှေ့က ကားပါကင်တွင် ရပ်ထားသော အနက်ရောက်ကားနှင့် ကားဘေးတွင်ရပ်နေသော နက်ပြာရောင်Suit နှင့် ချောမော ခန့်ညားသော လူက သူ့ကို ပြုံးပြနေသည်။
Dawn အံ့အားသင့်သွားပြီး အမြန်ဖုန်းချကာ ထိုလူဆီသို့ ပြေးထွက်သွားသည်။
ထိုလူက လက်၂ ဖက်ကို ဆန့်ကာ Dawn ကို ကြိုဆိုနေလေသည်။
Dawn ပြုံးရယ်လျက် ထိုလူ့ ရင်ခွင်ထဲ ပြေးဝင်ကာ
YOU ARE READING
Dear My Cold Bossy President
Romanceကျိကျိတက် ချမ်းသာတဲ့ Male Lead နဲ့ ဘဝကို ရုန်းကန်နေရတဲ့ Female Lead တို့ရဲ့ ရင်ခုန်ဖွယ်အချစ်ဇာတ်လမ်း ဘယ်လိုတွေဆက်ဖြစ်လာမလဲ "ရှင်ဘာလို့ ဒီလောက်ပြောရဆိုရခက်ပြီး ခေါင်းမာရတာလဲ" "မင်းယောက်ျားမို့လို့" 🚨တွေပါတာမို့ ၁၈ ယောက်ပြည့်မှ ဖတ်ကြပါလို့ လိုအပ်ခ...