Dawn မှာ လန့်ဖြန့်သွားရင်း Arvin က သူမရဲ့ လက်အား ဆွဲလိုက်သည့်အရှိန်ကြောင့် သူမ ခန္ဓာကိုယ်လေးမှာ သူ့ရင်ခွင်ထဲ အရှိန်ဖြင့်ဝင်သွားလေသည်။
သို့သော် အရှိန်ကြောင့် သူ့ဒဏ်ရာကို ထိမိတော့ သူဆစ်ခနဲ နာကျင်သွားသော်လည်း သူနာသွားမှန်းသိလျှင် သူမ သူ့ရင်ခွင်ထဲက ရုန်း၍ ထွက်သွားမည်ကို စိုးရိမ်သောကြောင့် အသံပင် မထွက်ဘဲ တင်းကျပ်နေအောင်သာ ဖက်ထားလိုက်တော့သည်။
"ရှင်...လွှတ် ဒဏ်ဖြစ်ထားတာကို ဘာလို့..."
Dawn သူ့ဒဏ်ရာကို ထိမိသွားပြီး သူနာကျင်သွားသည်ကို သိလိုက်သည် သူ အသံမထွက်သော်လည်း အကြောများတင်းသွားကာ ကြိတ်ခံနေသည့်ပုံကြောင့် သူမ စိုးရိမ်ကာ ရုန်းထွက်ရန်ပြင်တော့သည်။
သို့သော် အတင်းရုန်းစရာမလိုပဲ သူမအားဖက်ထားရာမှ လွှတ်ပေးလိုက်ပြီး အနွေးဓာတ်နှင့် နှုတ်ခမ်း၁ စုံကြောင့် သူမပြောနေသည့် စကားများပါ ရပ်တန့်သွားတော့လေသည်။
Arvin က သူ့လက်တဖက်ဖြင့် Dawn ၏ ခေါင်းအနောက်ကထိန်းကိုင်ထားလိုက်ပြီး နောက်လက်တဖက်ကတော့ သူမ၏ ခါးသေးသေးလေးအား ဖက်ထားလေသည်။
Dawn ခဏတာကြောင်သွားပြီးမှ လှုပ်လှုပ်ရွရွ ဖြစ်လာကာ ရုန်းထွက်ရန်အပြင် Arvin မှ အသံတိုးတိုးဖြင့်
"မင်းက ကိုယ့်မိန်းကလေးဖြစ်နေပြီဆိုတာ မေ့သွားပြီလား မရုန်းနဲ့ ဒဏ်ရာကို ထိသွားမယ်"
ဟုဆိုကာ Dawn ၏ နှုတ်ခမ်းအား တဖန်ထပ်၍ နမ်းရှိုက်လိုက်သည်။
Dawn သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ တောင့်တောင့်ကြီးနေနေသဖြင့် Arvin မှာ တချက်ရယ်လျက်"မင်း မနမ်းဖူးဘူးလား အဲ့လိုကြီးနေမနေနဲ့လေ
ကိုယ်ပြောတဲ့အတိုင်းနေ စိတ်ကိုလျှော့ထား"သူပြောလိုက်တဲ့အတွက် Dawn ၏ ခန္ဓာကိုယ်မှာ တောင့်တောင့်ကြီး ဖြစ်မနေတော့ဘဲ အနည်းငယ် ပျော့ပျောင်းလာသော်လည်း နှုတ်ခမ်းကိုတော့ တင်းတင်းကြီး စေ့ထားလေသည် ထိုအခါ သူ စိတ်မရှည်တော့သည့် အသံဖြင့်
"ပါးစပ်ဖွင့်"
ဟု တခွန်းတည်းဆိုကာ Dawn ပါးစပ်ဖွင့်လိုက်သည်နှင့် တပြိုင်နက် Arvin ၏ လျှာသည် Dawn ၏ အာခံတွင်းထဲသို့ ကျူးကျော်ဝင်ရောက်ပြီး သူမ၏လျှာနှင့်ပါ ယှစ်ပတ်နေလေသည်။
YOU ARE READING
Dear My Cold Bossy President
Romanceကျိကျိတက် ချမ်းသာတဲ့ Male Lead နဲ့ ဘဝကို ရုန်းကန်နေရတဲ့ Female Lead တို့ရဲ့ ရင်ခုန်ဖွယ်အချစ်ဇာတ်လမ်း ဘယ်လိုတွေဆက်ဖြစ်လာမလဲ "ရှင်ဘာလို့ ဒီလောက်ပြောရဆိုရခက်ပြီး ခေါင်းမာရတာလဲ" "မင်းယောက်ျားမို့လို့" 🚨တွေပါတာမို့ ၁၈ ယောက်ပြည့်မှ ဖတ်ကြပါလို့ လိုအပ်ခ...