သဘက်အဖြူကို နွေးရုံသာနွေးသော ရေဇလုံထဲ ထည့်စိမ်လိုက်ပြီး Dawn ၏ သေးသွယ်သော လက်မောင်းလေးကို ဖွဖွလေးကိုင်ကာ ညင်ညင်သာသာသုတ်ပေးနေသော Arvin
သူမလေးကို သန့်ရှင်းရေးလုပ်ပေးပြီး သူလည်း သူမဘေးမှာ ဝင်နေရာယူပြီး Dawn ကို သူ့ရင်ခွင်ထဲထည့်ကာ အိပ်မက်ကမ္ဘာထဲသို့.......
.......................
......................."Dawn?"
"Dawn ဘယ်မှာလဲ? ကိုယ်မေးနေတယ်လေ Dawn ဘယ်မှာလဲလို့"
အရာရာဟာ မှောင်မဲနေပြီး သူ Dawn ကိုပဲရှာနေမိသည်။
ရုတ်တရက် သူ့အနောက်ကနေ မီးမောင်းထိုးသလို လင်းသွားပြီး ခပ်နက်နက်အသံတခုထွက်လာသည်။
"မင်း သူ့ကိုရှာနေတာလား?"
သူအမြန်လှည့်ကြည့်လိုက်မိသည်။ မျက်ဝန်းအိမ်မှာ ဖြတ်ခနဲ ရွေ့လျှားသွားပြီး နှလုံးခုန်တွေမြန်လာတော့သည်။
[Dawn]
ဟုတ်သည်။
သူရှာနေတဲ့ သူအရမ်းချစ်ရတဲ့ ကောင်မလေးဟာ ထိုင်ခုံပေါ်တွင် မလှုပ်မယှက် ထိုင်နေပြီး ပါးစပ်ကိုလည်း အဝတ်စနဲ့ ချည်ထားသည်။ လက်၂ ဖက်ကော ခြေထောက်၂ ဖက်ကိုပါ ကြိုးဖြင့်ချည်နှောင်ထားပြီး သူမက မေ့မျောနေသည်။
"Dawn!!!"
သူ Dawn အနားပြေးဖို့ ခြေလှမ်းစလိုက်ချိန်မှာပဲ
Dawn ၏ ဘေးတွင် ရပ်နေသော ယောက်ျားမှာ Dawn ၏ မျက်နှာကိုဆွဲကာ ဓားဖြင့် ရွယ်လိုက်ပြီး
"အနားတိုးမလာနဲ့ ရှေ့တလှမ်းတိုးတာနဲ့ ငါ သူ့မျက်နှာကို မွှန်းပလိုက်မှာ"
ထိုလူ၏ ဓားမှာ Dawn ၏ မျက်နှာနားကို တဖြည်းဖြည်းကပ်လာပြီး Dawn ၏ ပါးကို ဓားဖြင့် ထိလိုက်ချိန်
"No no မလုပ်နဲ့.......!"
Arvin တယောက် အသားကုန်အော်ပြီး အိပ်ယာပေါ် ဝုန်းခနဲ ငုတ်တုတ်ထထိုင်လိုက်တာကြောင့် Dawn ပါ လန့်နိုးသွားတော့သည်။
"Arvin? ဘာဖြစ်လို့လဲဟင်"
Dawn ၏ အမေးကြောင့် သူမကို ငုံ့ကြည့်လာသော Arvin မှာ ဇောချွေးများပြန်လျက်
YOU ARE READING
Dear My Cold Bossy President
Romanceကျိကျိတက် ချမ်းသာတဲ့ Male Lead နဲ့ ဘဝကို ရုန်းကန်နေရတဲ့ Female Lead တို့ရဲ့ ရင်ခုန်ဖွယ်အချစ်ဇာတ်လမ်း ဘယ်လိုတွေဆက်ဖြစ်လာမလဲ "ရှင်ဘာလို့ ဒီလောက်ပြောရဆိုရခက်ပြီး ခေါင်းမာရတာလဲ" "မင်းယောက်ျားမို့လို့" 🚨တွေပါတာမို့ ၁၈ ယောက်ပြည့်မှ ဖတ်ကြပါလို့ လိုအပ်ခ...