Episode (4)

1.2K 11 0
                                    

Dawn ၏လက်သည် Arvin ၏ နှုတ်ခမ်းဆီသို့
ဦးတည်နေသည်။

ထိုအချိန် Arvin မျက်လုံးကို ရုတ်တရက်ဖွင့်လာပြီး
Dawn ရဲ့လက်ကို ဖမ်းဆွဲလိုက်ပြီး မျက်ဝန်းထဲတွင်လည်း ဒေါသ မီးတောက်များကို မြင်နေရလေသည်။

"မင်း ငါ့ကို ဘာလုပ်မလို့လဲ"

Dawn မျက်နှာလေး နီရဲသွားပြီး မျက်နှာတဖက်ကို
လွှဲလိုက်ကာ

"ဘာ...ဘာလုပ်နေလို့လဲ"

စကားများပြင် ထစ်လျက်

သူ စိတ်မရှည်တော့ပါ မျက်မှောင်တချက်ကြုံ့သွားပြီး

"ဝန်မခံဘူးပေါ့"

Arvin Dawnကို ခုတင်ဆီဆွဲခေါ်သွားကာ ခုတင်ပေါ် အားဖြင့် တွန်းချလိုက်ပြီး

"မင်းလိုချင်တာ ဒါမလား ငါ့ခုတင်ပေါ်တက်ဖို့လေ..."

Arvin ပြောရင်းနှင့် necktie ကို ဆွဲလျှော့လိုက်ပြီး Dawn ခန္ဓာကိုယ် ပေါ်သို့ တက်လာသည်။

"မဟုတ်ဘူး... ရှင် အထင်လွဲနေပြီ ရှင် ထင်သလိုမဟ........ အွန်းး!!!"

Dawn၏ စကားမဆုံးခင် သူ့နှုတ်ခမ်းပါးများက သူမ၏ နှုတ်ခမ်းများပေါ်ရောက်လာကာ စကားလုံးများကို မြိုချလိုက်သည့်အတိုင်းပင် နမ်းရှိုက်လိုက်သည်။

Dawn သူ့ကို တွန်းထုတ်သော်လည်း အားချင်းမမျှသဖြင့် တွန်းထုတ်၍မရ။

Dawn နှလုံးခုန်သံတွေမြန်လာပြီး အသက်ရှုလို့မရတော့ပါ။

သူမ ဘာမှ မတတ်နိုင်ပါ ခဏကြာတော့ နှုတ်ခမ်းချင်းကွာသွားကြသည်။

အခန်းထဲတွင် သူတို့ ၂ ယောက်လုံး၏ အသက်ရှုသံများအပ တစ်ခြားဘာအသံမှ မကြားရချေ။

ထို့နောက် Arvin က Dawn ၏နီရဲနေသော ပါးလေးကို သူ့လက်ဖဝါးဖြင့် ညင်သာစွာကိုင်လိုက်ပြီး စကားကို ညင်သာစွာ ဆိုလာ၏။

"မင်း အဘွားအတွက် ဆေးရုံစရိတ်ကို ငါထုတ်ပေးမယ်... တစ်ခုတော့ရှိတယ် ငါရဲ့ မိန်းကလေးအဖြစ်နေရမယ်"

Dawn ဘွားဘွားအတွက်ကူညီပေးတယ်ဟု အစကထင်လိုက်သော်လည်း နောက်ဆုံးစကားကို ကြားလိုက်တော့ Dawn မျက်လုံးပြူးကာလန့်သွားသည်။

Dear My Cold Bossy President Where stories live. Discover now