Episode (5)

1.4K 13 0
                                    

သူ့ဖုန်းကိုခေါ်နေသူက တစ်ခြားသူမဟုတ်ပဲ သူ့အမေဖြစ်နေသည်။

သူဖုန်းကို မကိုင်ချင် ကိုင်ချင်ဖြင့် စုတ်တချက်သပ်ပြီး ကိုင်လိုက်တော့

"ကောင်စုတ်!!! မင်းအမေရှိသေးတာကိုကောသိသေးရဲ့လား"

"....ဘာကိစ္စရှိလို့လဲ ကိစ္စမရှိရင် ကျွန်တော် အလုပ်ရှိသေးတယ် မအားဘူး"

သူ့လေသံကပဲ စိတ်တိုနေသည့်အသံဖြစ်သွားတာလား မကျေနပ်သည့်အသံပဲဖြစ်သွားတာလားတော့ သူမသိပါ

ဒါပေမယ့်

တဖက်မှ အမျိုးသမီးမှာ ရွှင်မြူးသံဖြင့်

"အော်....နှောင့်ယှက်သလိုဖြစ်သွားလား အဲ့ဒါဆို ဆက်လုပ် ဆက်လုပ် နောက်မှပဲဆက်တော့မယ် ငါမြေးချီချင်ပြီ အမြန်ဆုံးမြေးချီလို့ရအောင် လုပ်နော် ဘိုင့်ဘိုင်"

ပြောချင်တာပြောပြီး ဖုန်းချသွားလေသည်။

"......"

သူ သက်ပျင်းတချက်ချကာ ပြုံးလိုက်ပြီး မျက်လုံးပင့်အကြည့်တွင် နားလေးစွင့်ကာ သူပြောနေသည်များကို ခိုးနားထောင်နေဟန်နှင့် သူမအားတွေ့လိုက်တော့ လန့်သွားသော်လည်း သူမ၏ ပုံမှာ အတင်းအားစိုက်နားထောင်နေပုံအားတွေ့လိုက်တော့မှ

[ဟူးးး တော်သေးတာပေါ့Dawn မကြားလို့ ]

သူ သက်ပျင်းချလိုက်သည်။

Dawn စားပြီး ထွက်လာကာတော့ ကားတစီးက အဆင်သင့် စောင့်နေလေသည်။

သူ၏ တပည့်တယောက်က ကားနောက်ခန်းကို ဖွင့်ပေးတော့ Arvin က အရင်တက်သွားပြီး သူမအား

"ဘာလုပ်နေတာလဲ မသွားဘူးလား"

ဟူ၍ မျက်ခုံးပင့်ကာ ဆိုလာ၏။
ထိုအခါမှ သူမလည်း ပြာပြာသလဲနှင့် ကားပေါ်တက်လိုက်လေသည်။

" SS ဆေးရုံကိုမောင်း"

ဆေးရုံရောက်တော့ Dawn အလျင်အမြန်ပြေးဝင်သွားပြီး Arvin ကနောက်ကနေ အေးအေးလူလူပင် လိုက်လာခဲ့သည်။

"ဆရာ ဘွားဘွား ကော"

"အဆင်ပြေပါတယ် ခွဲစိတ်ခန်းဝင်ဖို့ လူနာရှင်က လက်မှတ်လေးထိုးပေးပါဦး"

Dear My Cold Bossy President Where stories live. Discover now