Episode (23)

607 10 1
                                    

သူမဆေးသောက်ပြီး ဆေးရှိန်ကြောင့် ပြန်အိပ်ပျော်သွားသည်။

ဘေးတစောင်းလေးအိပ်ပျော်နေသော ကောင်မလေး၏ နဖူးပေါ်တွင် ဆံနွယ်တစ်ချို့ကျနေတာကြောင့် အချိုးအဆစ်ကျလှသော သူ့ လက်များဟာ အလိုလို ကောင်မလေး၏ မျက်နှာနားဆီရောက်သွားပြီး နားရွက်နောက်ထဲ သပ်တင်ပေးလိုက်သည်။

"ဟီး...."

"ဟဲ့ မပြီးသေးဘူးလား မြန်မြန်လုပ်ဟဲ့ အောက်က သေတော့မယ်"

"အထဲမှာ ဘာလုပ်နေကြတာလဲ ဟဲ့"

"ငါလည်း ကြည့်နေတာပဲ သေချာ မမြင်ရဘူးလေ"

အခန်းတံခါးနားကနေ အသံတစ်ချို့ကြားတာကြောင့် သူထသွားကာ ပိတ်ထားသော တံခါးကို ဆွဲဖွင့်ကြည့်လိုက်သည်။

တံခါးအပြင်ဘက်တွင် မှီပြီး တစ်ယောက်ပေါ်တစ်ယောက်တက်ပြီး အခန်းဘောင်နဲ့ တံခါးကြားတွင် လှစ်ဟနေသော နေရာလေးကနေ အထဲကို ချောင်းကြည့်နေကြသော သုံးမြွှာပူးလေးမှာ Will က တံခါးဖွင့်လိုက်တာကြောင့် အရှေ့ကို ယိုင်ထိုးပြီး မှောက်လျက်ပြုတ်ကျသွားတော့သည်။

ဘိုင်းးးးး

တစ်ယောက်ကတော့ ကြမ်းပြင်ပေါ်ထိုင်လျက် ချောင်းနေတာကြောင့် လက်ထောက်လျက်ကလေးပဲ ဖြစ်သွားပေမယ့် နောက် ၂ ယောက်မှာတော့ တစ်ယောက် ပခုံးပေါ် တစ်ယောက်က တက်ပြီး ချောင်းနေတာကြောင့် မှောက်လျက်ကလေးဖြစ်သွားတော့သည်။

"အား သေပါပြီဟယ်"

အပေါ်ဆုံးက တစ်ယောက်ဟာ ပိုအထိနာသွားတာကြောင့် ထအော်လိုက်ပြီးမှ သူခိုးလူမိသလိုဖြစ်သွားပြီး ခေါင်းလေးကုတ်ကာ

"ဟီးးးး...."

"နာလိုက်တာ ပခုံးလည်းနာတယ် ချော်ပါလဲသေးတယ်"

အမြွှာ အလတ်မလေးက အစ်မဖြစ်သူကို ထမ်းထားပေးရတာကြောင့် ပခုံးနာကြောင်း ညည်းတွားလိုက်သည်။

Will က မျက်မှောင်ကြုံ့ကာ စိတ်တိုသွားသော်လည်း သူတွေ့လိုက်ရသော သူမှာ သူကိုယ်တိုင် ကယ်တင်ပြီး မွေးပေးထားသော ၄ နှစ်အရွယ်သာရှိသေးသည့် တစ်ရွာလုံး၏ အသည်းကျော် သုံးမြွှာပူးလေး ဖြစ်နေတာကြောင့် စိတ်မဆိုးရက်။

Dear My Cold Bossy President Where stories live. Discover now