Episode (2)

1.4K 15 0
                                    

Dawn ထွက်လာတော့ နားနေခန်းမှာ စောင့်နေသော  Hana က Dawn ဆီလာပြီး

"Dawn ဘယ်လိုလဲ အဆင်ပြေရဲ့လား ဒိုင်တွေကကောဘာပြောလဲ"

"ငါ ပြိုင်ပွဲက ထုတ်ခံလိုက်ရပြီ"

"ဘာ!.....ဘယ်လိုဖြစ်တာလဲ"

"ငါ စိတ်လှုပ်ရှားနေလို့ အသံထွက်မလာဘူးဟ အဲ့ဒါကို ဟို သွေးအေးတဲ့ ကောင်က ငါ့ကို ထုတ်လိုက်တယ် အဲ့ဒါနဲ့ ငါလည်း ဒေါသထွက်ပြီး ပြိုင်ပွဲကထွက်မယ် ဆိုပြီး ထွက်လာတာ"

Dawn တယောက် စိတ်ပျက်အားလျော့စွာပြန်ပြောလာလေသည်။

"နင်ပြောတဲ့ သွေးအေးတဲ့ကောင်ဆိုတာဘယ်သူလဲ"

"ဘယ်သူရှိရမှာလဲ သူ့ကိုယ်သူ ဘဝင်မြင့်နေတဲ့ Arvinဆိုတဲ့သူ ပေါ့"

"Arvin?"

Hana ခဏလောက်စဉ်းစားလိုက်ပြီးမှ

"ဟဲ့ နင် နင် သူ့ကို ဘာတွေပြောလိုက်သေးလဲ"

"ငါသူ့ကို ...(ပြောခဲ့တာတွေပြန်ပြောပြပြီး) စောင့်ကြည့်နေလိုက်ဆိုပြီးပြောခဲ့တယ်"
Dawn မှာပြောရင်း အသံမှာ တိမ်ဝင်သွားတော့သည်။

Hana တယောက် နဖူးကို လက်ဖြင့်ရိုက်ပြီး

"သေလိုက်ပါတော့ Dawn ရယ် နင်က သူဘယ်သူလဲဆိုတာမသိလို့ပြောလိုက်တာလား"

"ငါသိပါတယ် ဒါပေမဲ့ ဒေါသထွက်လို့ ငါပြောခဲ့လိုက်တာ သူ့ကိုယ်သူ အဟုတ်မှတ်နေတယ်"

အမှန်တော့ Dawn ပြောပြီးမှ နောင်တရသွားပါသည်
ကိုယ့်ကိုယ်ကို စိတ်ပျက်အားလျော့ပြီး မျက်လုံးထဲတွင် မျက်ရည်လေးများဝဲကာ အမြင်အာရုံမှာ ဝေဝါးလာတော့သည်။

Arvin အား Definition ဖွင့်ခန်း

အသက် ၃၀

အရပ် ၆ပေ ၂လက်မ

Entertainment တွေထဲမှာ အကြီးဆုံး S Entertainment ကိုပိုင်ဆိုင်သူ၊ ကျိကျိတက် ချမ်းသာပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းတော်တော်များများကို ချုပ်ကိုင်ထားသူ၊ ရုပ်ရည်ချောမောကာ အသားအရည် ဖြူဝင်းသည်။

ဆံပင်မှာ နက်ပြာရောင် ခပ်တိုတိုနှင့် မျက်လုံးများက  စူးရှတောက်ပပြီး အရပ်ရှည်ရှည်၊ ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနှင့် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေါ့။

Dear My Cold Bossy President Where stories live. Discover now