Arvin အခန်းအပြင်ထွက်တာနဲ့
ဒိုင်းး
ခန်းမဘက်ကလာသည့် သေနတ်သံ
သူအမြန်ဆုံး ခန်းမဘက်ပြေးသွားလိုက်သည်။
အမျိုးသမီး သက်တော်စောင့် ၂ ယောက်လွဲ၍ ကျန်တဲ့ သက်တော်စောင့် အယောက် ၂၀ က သူနဲ့အတူ ခန်းမဘက်ကို ပြေးသွားကြသည်။
ခန်းမအဝင်ဝတွင်တော့ သူတို့ ၂ ယောက်၏ pre wedding ဓာတ်ပုံတွေဟာ ကြမ်းပြင်ပေါ်တွင် လဲသည့်ပုံကလဲ ဖျက်ဆီးခံထားရပြီးလေပြီ။ ဧည့်သည်တွေအကုန် ဝရုန်းသုန်းကားဖြစ်ကာ သူတို့ ၂ ယောက်၏ ဓာတ်ပုံပေါ်ကို တက်နင်းကာ ထွက်ပြေးနေကြသူများနှင့် ရှုပ်ရှက်ခက်နေကြသည်။ သူမျက်မှောင်တစ်ချက် ကြုံ့လိုက်ပြီး အိတ်ကပ်ထဲတွင် အသင့်ဆောင်ထားသော သေနတ်ကို ထုတ်ကာ အပေါ်မြှောက်ပြီး အသံတစ်ချက်ပေးလိုက်သည်။
ဒိုင်းးးး
"အားးးးးးး!!!!!!"
သေနတ်သံကြားတာနဲ့ အကုန်လုံးမှာ အော်ဟစ်ကြပြီး လူတော်တော်များများမှာ ထိုင်ချသူက ထိုင်ချ၊ ဝမ်းလျားမှောက်သူက မှောက်ကုန်ကြသည်။
ရှုပ်ရှက်ခက်နေသော ခန်းမထဲတွင် လူမိုက် တစ်စုက သူ့ကို သေနတ်နဲ့ချိန်လိုက်သည်နှင့် တပြိုင်နက် သူတို့ အုပ်စုကလည်း သေနတ်နဲ့ ပြန်ချိန်ပြီးသား။
ဧည့်သည်တွေ ဝရုန်းသုန်းကားနဲ့ ခန်းမအပြင်အကုန်ပြေးထွက်သွားကြချိန်တွင်တော့ မင်္ဂလာခန်းမထဲတွင် သူတို့ အုပ်စုတွေသာ ကျန်ခဲ့တော့သည်။
"ပြော မင်းတို့ ဘာလိုချင်တာလဲ"
Arvin ၏ အသံမှာ ခက်ထန်မာကျောနေသည်။
တဖက်က လူမိုက်ခေါင်းဆောင်နှင့် တူသည့်လူက မျက်နှာဖုံးတပ်ထားသော်လည်း ရယ်သံထွက်ပေါ်လာတာကြောင့် ရယ်နေသည်မှန်းသိသာသည်။
"ပိုက်ဆံလား ဘယ်လောက်လိုချင်တာလဲ ဘယ်သူခိုင်းတာလဲ"
ထိုအချိန်မှ မျက်နှာဖုံးတပ်ထားသောလူက ရှေ့သို့ ထွက်လာကာ မျက်နှာဖုံးကို ချွတ်လိုက်သည်။
Arvin ၏ မျက်ဝန်းအိမ်တွေ ရွေ့လျားသွားပြီး
"Dawn ဆီအမြန်သွားကြ!!!"
YOU ARE READING
Dear My Cold Bossy President
Romanceကျိကျိတက် ချမ်းသာတဲ့ Male Lead နဲ့ ဘဝကို ရုန်းကန်နေရတဲ့ Female Lead တို့ရဲ့ ရင်ခုန်ဖွယ်အချစ်ဇာတ်လမ်း ဘယ်လိုတွေဆက်ဖြစ်လာမလဲ "ရှင်ဘာလို့ ဒီလောက်ပြောရဆိုရခက်ပြီး ခေါင်းမာရတာလဲ" "မင်းယောက်ျားမို့လို့" 🚨တွေပါတာမို့ ၁၈ ယောက်ပြည့်မှ ဖတ်ကြပါလို့ လိုအပ်ခ...