"Crystal?"
သူမ အံ့ဩသလိုလေးဖြစ်သွားတာကြောင့် သူ တစ်ချက်ပြုံးလိုက်ပြီး
"ခင်ဗျားရဲ့ မျက်နှာကို မြင်ရတိုင်း Crystal လို ကြည်လင်နေတာကြောင့်လေ....ဟုတ်တယ်မလား"
သူတို့ ၂ ယောက်နားမှာ တစ်ချိန်လုံး ငြိမ်ငြိမ်လေး ရပ်နေသော ကလေးမလေးဘက်ဆီ ခေါင်းစောင်းကာ သူမေးလိုက်တော့ ကလေးမလေးက နှုတ်ခမ်းများ ကွေးတက်သွားပြီး အားတက်သရော ထောက်ခံတော့သည်။
"ဟုတ်တယ် ဟုတ်တယ် မျက်နှာလေးက တကယ်ကြည်လင်ပြီး အေးချမ်းတယ် လှလည်းလှတယ်"
ထို့နောက် ကလေးမလေးက အခန်းထဲကနေ ပြေးထွက်သွားပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
"အားလုံးပဲ မမချောချောလေး သတိရလာပြီ ဘွား သူ့အတွက် တစ်ခုခုစားဖို့ကော"
ပါး ၂ ဖက်မှာ အသက်အရွယ်ရလာတာကြောင့် အရေပြားမှာ တွဲကျနေပြီး မျက်လုံး ခပ်မှေးမှေးနှင့် အဘွားအိုမှာ ထင်းနဲ့ ဖိုထားတဲ့ မီးပုံနားမှာ ထိုင်ပြီး မြေးမလေးဖြစ်သူကို ခပ်ဆတ်ဆတ်ပြန်ပြောလိုက်သည်။
"အေးပါအေ ရပါပြီဟဲ့ အခုပဲ ပူပူလေး ရော့ ယူသွားပေးလိုက်"
သစ်သားဖြင့် လုပ်ထားသော ဇလုံလေးထဲ ထင်းမီးပုံပေါ်တွင်တင်ထားသော သံအိုးထဲကနေ ဆန်ပြုတ်ပုံစံ အရည်ပြစ်ပြစ်ကို ထည့်ပေးလိုက်ပြီး အဘွားအိုမှာ မြေးမဖြစ်သူကို လှမ်းပေးလိုက်ပြီးမှ
"ဟဲ့ နေဦး အဲ့ကောင်မလေးက နာမည်ဘယ်လိုခေါ်လဲ"
"Crystal တဲ့ ဘွားရဲ့"
"ဟင် ခရစ်ဘာဖြစ်တယ်"
အဘွားအိုမှာ မြေးဖြစ်သူ၏ စကားကို မနည်းလိုက်နားထောင်သော်လည်း နားမလည်။
"ဟာ ဘွားကလည်း ခရစ်စတယ် Crystal"
မြေးဖြစ်သူမှာ စိတ်မရှည်သည့်ပုံဖြင့် ပြန်ဖြေပြီး အထဲပြန်ဝင်သွားတော့သည်။
"အေးပါဟယ် ညည်းကလည်း သေချာမကြားရလို့မေးတာကို စိတ်ကိုမရှည်ဘူး ခရစ်စတယ် ရပြီ ငါသိပြီ သူကြီးကို သွားပြောဦးမယ်"
အဘွားအိုမှာ ထင်းမီးပုံအနားမှထကာ သူကြီးအိမ်ဘက်ကို ဖြည်းဖြည်းချင်းလျှောက်သွားတော့သည်။
YOU ARE READING
Dear My Cold Bossy President
Romanceကျိကျိတက် ချမ်းသာတဲ့ Male Lead နဲ့ ဘဝကို ရုန်းကန်နေရတဲ့ Female Lead တို့ရဲ့ ရင်ခုန်ဖွယ်အချစ်ဇာတ်လမ်း ဘယ်လိုတွေဆက်ဖြစ်လာမလဲ "ရှင်ဘာလို့ ဒီလောက်ပြောရဆိုရခက်ပြီး ခေါင်းမာရတာလဲ" "မင်းယောက်ျားမို့လို့" 🚨တွေပါတာမို့ ၁၈ ယောက်ပြည့်မှ ဖတ်ကြပါလို့ လိုအပ်ခ...