Dawn ကို ပွေ့ချီကာ အပေါ်ထပ် အိပ်ခန်းဆီ တက်သွားသော Arvin
"ကိုယ့်ကို တစ်ရက်လုံး ပစ်ထားတယ်ပေါ့ ရတယ်လေ ဘယ်လို အပြစ်ပေးမလဲ မင်း စောင့်ကြည့်ပေါ့"
အိပ်ခန်းတံခါးကို ခြေထောက်နဲ့ ကန်ဖွင့်လိုက်ပြီး
"ဒီည ငါ့ကို ဘယ်သူမှ လာမနှောင့်ယှက်နဲ့ ကြားလား"
"ဟုတ်ကဲ့ပါ သခင်လေး"
Aunty Yoo အပါအဝင် အိမ်ဖော်ကောင်မလေးတွေပါ တစ်ယောက်မကျန် အောက်ထပ်သို့ ဆင်းသွားကြလေသည်။
အိပ်ခန်းထဲရောက်တော့ Dawn ကို ခုတင်ပေါ် ပစ်တင်လိုက်ပြီး Arvin တစ်ယောက် အပေါ်အင်္ကျီကို စတင်ချွတ်လိုက်သည်။
Dawn က သူ့ကို ခုတင်ပေါ် ပစ်တင်လို့ စိတ်တိုသွားပြီး ရန်တွေ့ဖို့လုပ်ချိန် အင်္ကျီချွတ်နေပြီဖြစ်သော Arvin ကိုတွေ့တော့ မျက်နှာလေးရဲသွားပြီး
"ရှင် ဒါ ဘာလုပ်နေတာလဲ"
"ဘာလုပ်နေလဲဆိုတာမသိလို့မေးတာလား?"
Dawn မျက်နှာလေး လွှဲကာ
"ရှင် ရှင် ညစာ မစားဘူးလား ညစာမစားရသေးဘူးလေ"
ရှက်ရှက်နှင့် မေးနေသော Dawn တစ်ယောက်ကို ကြည့်ရင်း Arvin စိတ်တွေကြွလာလေသည်။
"ညစာက အခုပဲ စားမလို့လေ အရမ်းချိုမြိန်တဲ့ ညစာပေါ့"
ဟုဆိုကာ Dawn ၏ နှုတ်ခမ်းလေးကို စတင် စားသုံးတော့သည်။
"အွတ် ခဏ"
"ခဏလည်း မရတော့ဘူး ကိုယ်စောင့်နေတာ တစ်နေကုန်ပဲလေ"
ဟုဆိုကာ ဆက်ပြီး နမ်းရှိုက်လိုက်သည်။
နှုတ်ခမ်း ၂ စုံမှာ အပြိုင်နမ်းရှိုက်နေကြပြီး Arvin က ခဏနားလိုက်သည်။ Dawn မှာ အသံမြန်မြန်ရှူသွင်းလိုက်ပြီး မျက်ရည်လေးများဝိုင်းကာ မောနေလေပြီ။
Arvin က Dawn ကို ဖက်လိုက်ပြီး
"Dawn ဒီနေ့ ကိုယ့်အမေပြောတဲ့ ဟာလေ"
"ဘယ်ဟာလဲဟင်"
"ဟိုဟာလေ သူမြေးချီချင်"
Dawn မှာ မြေးချီချင်ဆိုတဲ့ အသံကြားတာနဲ့ Arvinရဲ့ ပါးစပ်ကို အမြန်လှမ်းပိတ်လိုက်ရလေသည်။ Arvinက သူ့ရှေ့မှာ မျက်နှာလေးရဲနေသော Dawn ကို စချင်လာကာ သူ့ပါးစပ်ကို ပိတ်ထားသော လက်ကို လျှာနဲ့လျက်လိုက်သည်။
YOU ARE READING
Dear My Cold Bossy President
Romanceကျိကျိတက် ချမ်းသာတဲ့ Male Lead နဲ့ ဘဝကို ရုန်းကန်နေရတဲ့ Female Lead တို့ရဲ့ ရင်ခုန်ဖွယ်အချစ်ဇာတ်လမ်း ဘယ်လိုတွေဆက်ဖြစ်လာမလဲ "ရှင်ဘာလို့ ဒီလောက်ပြောရဆိုရခက်ပြီး ခေါင်းမာရတာလဲ" "မင်းယောက်ျားမို့လို့" 🚨တွေပါတာမို့ ၁၈ ယောက်ပြည့်မှ ဖတ်ကြပါလို့ လိုအပ်ခ...