Episode (10)

1.4K 14 0
                                    

"ပြန်လာပြီလား"

ထိုအမျိုးသမီးကိုတွေ့တော့ Arvin တယောက် မျက်လုံးပြူးကာ လန့်သွားသည့်ပုံ

Dawn လည်းအသံကြားတော့လှမ်းကြည့်လိုက်လျှင်

နှုတ်ခမ်းနီရဲရဲ ဆံပင်အမဲမှာ ဖြောင့်စင်းလျက် မျက်လုံးများမှာ တောက်ပကာ လှပသော အမျိုးသမီးတစ်ဦး

ကိုယ်ကျပ် ဂါဝန်အနီနဲ့ ခန္ဓာကိုယ်အချိုးအစားမှာ ပြေပြစ်ပြီး အတော်လှပသည်။

"ဒီကိုဘာလာ.. အားးး နာတယ်နာတယ် လွှတ်လွှတ်"

Arvin မှာ စကားတောင်မဆုံးလိုက်

တစ်ဖက်က အမျိုးသမီးဟာ ပြေးကာ Arvin ၏ခါးနားကို ဆွဲလိမ်လေသည်။

"ကောင်စုတ် ငါအသက်ရှိသေးတာကော သိသေးရဲ့လား"

ထိုမြင်ကွင်းကို မြင်သော Dawn မှာ စိတ်ထဲ၌ ကလိကလိဖြစ်လာလေသည်။

သူမတစ်ယောက်တည်းရှိတယ်ဟု ပြောသော ယောက်ျားကို အခုတော့ မိန်းမတစ်ယောက်က ရန်တွေ့နေလေသည်။

သူ့မှာ မိန်းမမရှားမှန်း Dawn သိပါသည်။

သို့သော် သူ Dawn အပေါ်လုပ်ပေးခဲ့တာတွေကကော ကူညီပေးခဲ့တာတွေ ကြင်နာမှုတွေ နွေးထွေးမှုတွေ အကုန်က ဟန်ဆောင်ထားတာတွေလား?

Dawn မျက်ရည်တွေ ဝဲတက်လာကာ Arvin ဆွဲထားသေည လက်ကို ဖြုတ်လိုက်ပြီး ခြံအပြင်သို့ ပြေးထွက်သွားလေသည်။

"Dawn!!!"

သူ့လက်ကို ဖြုတ်ကာ ပြေးထွက်သွားသော Dawn နောက်သို့ သူအမြန်ပြေးလိုက်သွားပြီး လက်တစ်ဖက်ကို လှမ်းဆွဲကာ တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်သည်။

"လွှတ် ရှင် ကျွန်မကို လွှတ်"

Dawn မျက်ရည်များ စီးကျလာပြီး အတင်းရုန်းထွက်လေသည်။

"ကိုယ် မင်းကို ဘယ်မှသွားခွင့်မပေးနိုင်ဘူး မင်းက ကိုယ့်အပိုင်ပဲ မင်း ကိုယ့်အနားမှာပဲနေရမယ် ဘယ်မှမသွားရဘူး"

"ကျွန်မကို ဘယ်သူမှမပိုင်ဘူး ကျွန်မ ကိုယ် ကျွန်မပဲ ပိုင်တယ် ရှင် ပိုင်ချင်ရင် မိန်းမတွေအများကြီးပဲမလား အိမ်ထဲထိတောင် ခေါ်တင်ထားတဲ့ သူတွေရှိတာပဲ"

Dear My Cold Bossy President Where stories live. Discover now