Episode (7)

1.6K 15 0
                                    

အခန်းတံခါးပွင့်သွားသောကြောင့်
သူလှည့်ကြည့်လိုက်သည်။

သို့သော် သူလာစေချင်သည့်သူ မဟုတ်ဘဲ မထင်ထားသောသူ ရောက်လာခဲ့လေသည်။
တဖက်လူမှ သူ့ ခုတင်ဘေးထိ လျှောက်လာပြီး

"နင် ဒဏ်ရာ ရထားတယ်ဆိုလို့ လာကြည့်တာ ဘယ်လိုဖြစ်တာလဲ"

ဆွဲဆောင်မှုရှိသော အသံဆာဆာလေးထွက်လာသည်။

Arvin တယောက် ရှေ့သို့ပြန်လှည့်လိုက်ပြီး Laptop ကိုပြန်ဖွင့်ကာ အေးစက်စက်ဖြင့်

"မင်းတို့က ဘယ်လိုသိပြီးရောက်လာတာလဲ"

"အဲ့လောက်ကြီးလည်း မစိမ်းကားပါနဲ့ နင်ဘာပဲဖြစ်နေနေ ငါမသိတဲ့ ကိစ္စဆိုတာရှိလို့လား"

ဟုဆိုကာ  Arvin ၏ ဘယ်ဘက် ပခုံးအား လက်ဖြင့် ပွတ်သပ်လာ၏။

ထိုပွတ်သပ်နေသောလက်အား Arvinက ပုတ်ချလိုက်ပြီး စိတ်မရှည်တော့သဖြင့်

"Chloe မင်းအနေအထိုင် နည်းနည်း ဆင်ခြင်စမ်းပါ စည်းကျော်မလာနဲ့။ Asher မင်းကကော သူနဲ့ ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"

"ငါက ပြိုင်ပွဲကိစ္စပြောစရာရှိလို့ ရုံးကို ဖုန်းဆက်တော့ အတွင်းရေးမှုး Kim က မင်းဆေးရုံမှာလို့ပြောလို့ သိတာ "

"သူကတော့ ငါ့ studio ဆီလာလည်ရင်း ကြုံလို့ လိုက်လာတာ"

Asher က Chloe ကို တစ်ချက်သာ လှမ်းကြည့်ပြီး ပြောလိုက်သည်။

"ပြိုင်ပွဲ? ပြိုင်ပွဲက ဘာဖြစ်လို့လဲ?"

Arvin ကမျက်ခုံးပင့်ကာမေးလိုက်၏။

ထိုအခါ Asher မှ သက်ပြင်းတချက်ချလျက်

"ကိစ္စကတော့ ကြီးတယ် ပြိုင်ပွဲမှာ voting အများဆုံး ပြိုင်ပွဲဝင်ကို မင်းထုတ်လိုက်တော့ ပရိတ်သတ်တွေက ပြိုင်ပွဲမှာ ဆက်ပြီး မ vote ကြတော့ဘူး ပြီးတော့လည်း ပြိုင်ပွဲကို အားမပေးတော့ဘူးလို့ comment တွေလည်း အများကြီးပဲ"

"ငါထုတ်လိုက်တဲ့ တယောက်?"

Arvin တယောက် မမှတ်မိပါ သူဘယ်သူကို ထုတ်လိုက်မှန်း မသိ မျက်လုံးအနည်းငယ်မှေးကာ ပြန်စဉ်းစားနေသည့်ပုံ

Dear My Cold Bossy President Where stories live. Discover now