သက်တော်စောင့်တွေနှင့် Ruby ကော Arvin ၏ မိဘတွေ ရောက်သွားသည့် အချိန်တွင်တော့ ပန်းများဖြင့် အလှဆင်ထားသော အဖြူရောင် ပြိုင်ကားတစ်စီးမှာ တောင်နံရံရှေ့ကို ကားခေါင်းဖြင့် ဝင်တိုက်ထားပြီး ကားခေါင်းမှာလည်း အငွေ့များ ထွက်နေပြီဖြစ်သည်။
သူတို့ ကားနားသွားကြည့်တော့ ကားထဲတွင် သွေးစများသာတွေ့ရပြီး လူကိုတော့ မတွေ့ရ။
ကားအရှေ့ကို ဆက်သွားပြီး လူခွဲရှာလိုက်တော့သည်။
"ဒီမှာ တွေ့ပြီ သခင်လေးကို တွေ့ပြီ ဒီမှာဟေ့!!"
Arvin ၏ အမေမှာ အသံလာရာဘက်သို့ အမြန်ပြေးသွားကြည့်လိုက်သည့်အချိန်တွင်တော့ သူမ၏ ခေါင်းမာလှသော သားတော်မောင်မှာ ခေါင်းထိပြီး သွေးတွေ စီးနေပါလျက်နှင့် အရှေ့ကို မရမက ဆက်သွားပြီး မခံနိုင်တော့သည့်အဆုံး ကတ္တရာလမ်းမထက်မှာ မေ့မျောနေလေသည်။
ထိုအချိန် သက်တော်စောင့် တစ်ယောက်က အနားရောက်လာပြီး
"အရှေ့က ကွေ့တစ်ခုမှာလည်း van ကားတစ်စီး ပြုတ်ကျထားတယ်"
"Dawn ကော Dawn ဘယ်မှာလဲ"
Ruby က ထိုသက်တော်စောင့်၏ လက်မောင်းကို ဆုတ်ကိုင်ကာ မေးလိုက်သည်။
"မမလေးကိုတော့ ကျွန်တော်မတွေ့မိသေးပါဘူး ချောက်က အရမ်းနက်တော့ လူခွဲရှာရင်တောင် ကျွန်တော်တို့ အနည်းဆုံး ၃ ရက်လောက်တော့ ကြာမယ်"
ထိုစကားကို ကြားသော Arvin ၏ အမေမှာ မူးဝေလာကာ မေ့လဲကျသွားတော့သည်။
"အန်တီ!" Ruby ၏ အသံ
"အချစ်!!!" Arvin အဖေ၏အသံ
"ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အမြန်ဆုံးရှာရမယ် လူခွဲပြီး အမြန်ရှာကြ"
Arvin အဖေ၏ စကားအဆုံးတွင်တော့ လူခွဲပြီး စတင်လှုပ်ရှားကြတော့သည်။
................
ကျောက်ဆောင်မှာ ကပ်နေသော ရေဘဝဲလက်အစလေးများကို ခွါရန် အနီးအနား ရွာဘက်မှထွက်လာသော အဘွားအို တစ်ယောက်ဟာ ကမ်းစပ်မှာ မှောက်လျက်လေးသောင်တင်နေသော ကောင်မလေးကို တွေ့လိုက်ရချိန်တွင်တော့.....
YOU ARE READING
Dear My Cold Bossy President
Romanceကျိကျိတက် ချမ်းသာတဲ့ Male Lead နဲ့ ဘဝကို ရုန်းကန်နေရတဲ့ Female Lead တို့ရဲ့ ရင်ခုန်ဖွယ်အချစ်ဇာတ်လမ်း ဘယ်လိုတွေဆက်ဖြစ်လာမလဲ "ရှင်ဘာလို့ ဒီလောက်ပြောရဆိုရခက်ပြီး ခေါင်းမာရတာလဲ" "မင်းယောက်ျားမို့လို့" 🚨တွေပါတာမို့ ၁၈ ယောက်ပြည့်မှ ဖတ်ကြပါလို့ လိုအပ်ခ...