Unicode
" အ "
ဝမ်းဗိုက်အောက်နားမှ ဆီးစပ်နေရာသို့ လက်ဖြင့်တစ်ချက်ဖိကိုင်ရင်း မဟော်နှုတ်ခမ်းကိုလည်း ခပ်ဖွဖွဖိကိုက်လိုက်မိသည်။
"ဘယ်လိုလုပ်မလဲ ထမင်းစားဆင်းတော့မယ့်အချိန်ကျမှ ထဖြစ်ရတယ်လို့"
မဟော့် အောက်ပိုင်းဆီမှ စိုစွတ်မှုကိုခံစားနေရပြီး ဆီးစပ်ပါအနည်းငယ်အောင့်သက်လာသည်မို့ တစ်လတစ်ခါမဖိတ်ခေါ်ဘဲ ဖြစ်တတ်သည့် သဘာဝတရားကြီးက သူမဆီ ရောက်ရှိလာပြီဆိုတာကို မဟော်သိလိုက်သည်။
"ဟူးး မြန်မြန်သွားရမှာပဲ"
အမျိုးသမီးများတွင် တစ်လတစ်ခါဖြစ်တတ်သည့် ဓမ္မတာလာခြင်းကိစ္စကြောင့် Toiletတော့ ခဏသွားမှဖြစ်မည်မို့ မဟော်လည်း Toiletရှိရာ စင်္ကြန်လမ်းသို့ အမြန်လျှောက်ရတော့သည်။အမြန်မလျှောက်လို့လည်းမရ။ချိုလွန်းကိုကို ကို ဦးမင်းရှိန်တို့ဒုက္ခမပေးနိုင်စေရန် သူမလိုက်စောင့်ရှောက်ပေးရဦးမည်။
မဟော် UniကToiletထဲသို့ လှမ်းဝင်လိုက်တော့ အချိန်က နေ့လယ်12:15မိနစ်။ ခဏနေဆိုရင် ရှဥ့်ပေါက်စတို့ နေ့လယ်ထမင်းစားချိန် အတန်းလွှတ်တော့မည်မို့ မဟော်စိတ်လောနေမိသည်။
"ဒီနေ့ကျမှToiletကလည်း လူများလိုက်တာကွာ"
အတန်းချိန်စောလွှတ်လိုက်သော မေဂျာအသီးသီး အတန်းအသီးသီးမှ ကျောင်းသူများ ရှိနေကြသည်မို့ ခြောက်လုံးလောက်ရှိသည့် Toiletများမှာ တစ်လုံးမှ မအားနိုင်ကြချေ။ထို့ကြောင့် စိတ်ရှည်လက်ရှည်ဖြင့် သာ သူမ စောင့်လိုက်ရပြန်သည်။ ကိစ္စတွေအကုန်ပြီးလို့ Toiletထဲမှပြန်ထွက်လာတော့ အချိန်က 12:25။ဒီအချိန်ဆို ကလေးမတို့ အတန်းဆင်းလောက်ပြီ။
ထိုအတွေးနဲ့အတူ မဟော့်ခြေလှမ်းများမှာ ဥပဒေအဆောင်၏ စင်္ကြန်လမ်းများထက် လျင်လျင်မြန်မြန်ရွေ့လျားလို့ နေသည်။"ဟင်!!"
lawဆောင်မှ အရှေ့ကန်တင်းဘက်သွားသို့ ကူသွားနိုင်သည့် လှေကားထစ်အဆင်းဝယ် ကျောင်းသားကျောင်းသူများ စုရုံးစုရုံးဖြစ်နေကြသည်မို့ မဟော့်ရင်ထဲ ထိတ်ခနဲဖြစ်သွားကာ ထိုနေရာသို့အလျင်အမြန် ပြေးသွားမိသည်။
YOU ARE READING
*သာ၍ ခ်စ္ခ်င္ပါေသးသည္* *သာ၍ ချစ်ချင်ပါသေးသည်*
General Fiction*အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမှန်တကယ် တည်မြဲနေနိုင်ပါ့မလား...............* *အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမ...