2 နှစ်နီးပါးခန့် ဂျောင်ဝန်း တစ်ယောက်တည်း နေထိုင်ခဲ့သော အိမ် နေထိုင်ခဲ့သောအခန်းထဲသို့ အခြားလူတစ်ယောက်နှင့်အတူ ခြေချမိချိန်တွင် ထိုလူက hyung ဖြစ်နေတာမို့ ပိုပြီး စိတ်လှုပ်ရှားရပါ၏။ဂျောင်ဝန်းအခန်းက ဤအိမ်တွင်အကျယ်ဆုံးအခန်းဖြစ်သောကြောင့် လက်ထပ်ပီး မင်္ဂလာအခန်းအဖြစ်အသုံးပြုရန်အတွက် ပိုကျယ်သောခုတင်တစ်လုံး လဲလှယ်ရန်သာလိုအပ်ခဲ့သည်။
အဖေ့ ကြီးကြပ်မှုများလည်း ပါဝင်ခဲ့သည့် အခြေအနေတွင် ဂျောင်ဝန်း hyung မျက်နှာရိပ်မျက်နှာကဲကို အဆက်မပြတ် အရိပ်အချည်ကြည့်၍ မနှစ်မြို့မှုတစ်စုံတစ်ခုများရှိနေမလားဆိုတာကို အဖြေရှာနေမိ၏။
" ဒါမှမဟုတ် hyung အဆင်မပြေရင် ကျွန်တော် အခန်းပိုပြင်ပေးရမလား "
" မလိုဘူး.. အခန်းထဲ မင်းရှိရှိ မရှိရှိ ငါစိတ်မဝင်စားဘူး "
ဂျောင်ဝန်း ခေါင်းငုံ့သွားရကာ ခပ်ဖွဖွလေးပြုံးမိသည်။
" ဒါဆို ကျွန်တော်အရင်ဆုံး ညနေစာသွားပြင်နှင့်ပါ့မယ် .. hyung တစ်ခုခုစားချင်တာမျိုး ရှိလားဟင် "
" အဆင်ပြေသလိုလုပ် "
hyung သူ့ကို တစ်ချက်ကလေးမှပင် စောင်းငဲ့မကြည့်ဘဲ အရိုးရှင်းအအေးစက်ဆုံး စကားများကိုသာ ဆိုတတ်ခြင်းက သူခန့်မှန်းပြီးသားအခြေအနေမို့ သူ့အတွက် ပြသနာတော့မရှိလှပါ။
ယခုသူ့အတွက် ပြသနာတက်နေခြင်းက မီးဖိုခန်းတွင် ရပ်နေရင်း hyung အတွက် ဘာကိုပြင်ဆင်ပေးရမလဲ hyung ဘာကို သဘောကျလောက်မလဲဆိုတာကို မဆုံးဖြတ်နိုင်ခြင်းပင်။
ငယ်ငယ်လေးကတည်းကပင် hyung က သူ့ရှေ့တည်ခင်းပေးလာသောအရာတိုင်းကို စကားအပိုမပြောဘဲ အေးဆေးစွာ စားတတ်ပြီး ဘာကိုပဲစားစား မျက်နှာအမူအရာ ထူးထူးခြားခြားမပြောင်းတာမို့ ဂျောင်ဝန်းအမှန်တကယ် hyung ဘာကြိုက်တတ်သလဲ မသိပေ။
နောက်ထပ် ပြသနာတစ်ခုရှိသေး၏။
သူထမင်းမချက်တတ်ပေ။
ထမင်းပင်မဟုတ် ဘာကိုမှပင်မလုပ်တတ်။
နေထိုင်ခဲ့သောတစ်လျှောက်လုံးက အပြင်တွင်သာ ထွက်စားနေခဲ့ခြင်းဖြစ်ပြီး သူ့မီးဖိုခန်းက ကော်ဖီဖျော်ရန် ခေါက်ဆွဲပြုတ်ရန်သာ အသုံးတည့်ခဲ့သည်။