" ဘာလို့ပါလိမ့် .. ငါပဲစိတ်ထင်နေတာလားမသိပေမယ့် J ရဲ့ ပန်းချီကားတွေက တစ်ခုခု ခံစားချက်လိုဟာမျိုးပြောင်းလဲသွားသလိုပဲ "
သူငယ်ချင်းဖြစ်သူ ကောင်မလေးရဲ့ ဝေခွဲမရဟန် စောင်းငဲ့ရေရွတ်မှုကြောင့် ပန်းချီပြခန်း နံရံတွင် ရှိနေသော ပန်းချီကားကို ကျန်ကောင်မလေးလည်း သေချာ စူးစမ်းလိုက်သည်။
" အဲ့လိုများလား ?
ငါတော့ သေချာမသိဘူးပဲ "ထိုအခါ တစ်ဖက်က ကောင်မလေးက ပုခုံးကိုတွန့်လျှက် တုန့်ပြန်လိုက်၏။
" မသိဘူး ငါလည်း..
ဘယ်လိုပဲဖြစ်ဖြစ် ပိုကောင်းတဲ့ ခံစားချက်မျိုးဖြစ်သွားသလိုတော့ ခံစားရတယ် "" ဒါနဲ့ အပေါ်ထပ်မှာ ခု VIP ပွဲရှိတယ်ဆို ? J လည်း ရောက်နေလောက်မယ်ထင်တယ် "
ထိုအခါ တစ်ဖက်ကကောင်မလေးခမျာ စိတ်ပျက်လက်ပျက် သက်ပြင်းချမိလေရဲ့။
" ဟုတ်ပါရဲ့.. မျက်နှာလေး တစ်ခါလောက် မြင်ဖူးချင်တာကို..နောက်တစ်ခါ မုန့်ဖိုးစုပြီး VIP လက်မှတ်ရအောင် ဝယ်ကြည့်ရမလား "
" ဘာလုပ်မှာလဲ..နင် ပန်းချီကားတွေ လေလံဆွဲနိုင်မှာလည်း မဟုတ်ဘဲနဲ့.. ပြီးတော့ J က အိမ်ထောင်ပြုပြီးသားဆို "
" yah.. fan တစ်ယောက်အနေနဲ့ပဲပြောတာပါ "
ဂျုံဆောင်းသည် ပြပွဲမှာ ဖြတ်အသွားတွင် မတော်တဆကြားရသော မိန်းကလေးနှစ်ဦး၏ စကားဝိုင်းကြောင့် နှုတ်ခမ်းတို့က မသိမသာ ပြုံးယောင် သန်းသွားခဲ့ရသည်။
ထို့နောက် လက်တွင်ကိုင်လာသော ပန်းစည်းလှလှလေးကို တစ်ချက်ငုံ့ကာ နမ်းလိုက်မိလေ၏။
_____________________________
" အာ hyung.. လက်နှစ်ချောင်း ထောင်တာကလွဲပြီး အခြား pose လည်း လုပ်ပါဦး..မူကြိုကျောင်းသားနဲ့တူနေပြီ "
ရီခီ လေလံတင်မည့် ပန်းချီကားများနှင့်အတူ ဂျောင်ဝန်းအား ကင်မရာနှင့်ချိန်နေရင်းမှ နည်းနည်းဝေဖန်လေကန်လိုက်တော့ လက်နှစ်ချောင်းကို လက်မပြောင်းထောင်လာသည်။
သို့သော်လည်း မူကြိုကလေးက မူကြိုကလေးနှင့် တူနေဆဲပင်။
ရီခီ ခေါင်းခါကာ ရယ်ရင်း ကင်မရာကိုတစ်ချက် click လိုက်၏။