" ကျေးဇူးတင်ပါတယ်
ငါတကယ် ဒီတစ်ခေါက်ကျေးဇူးတင်ရမယ့်သူက မင်းလို့ထင်တယ် "ရီခီ ဆေးရုံသို့ လူနာသတင်းလာမေးသည်မှာ ဝတ်ကျေတမ်းကျေမျှသာ ဖြစ်၍ ထိုနားယားစရာ စကားများကို နားထဲမှ လက်သန်းဖြင့် ကလော်ထုတ်ကာ လေဖြင့်မှုတ်လိုက်၏။
သူက လျော့ရဲရဲ ရပ်၍ ထိုလူကို ကြည့်မနေဘဲ ဂျောင်ဝန်း hyung ဘယ်ချိန် အခန်းထဲ ပြန်ရောက်မလဲဆိုတာကိုသာ စောင့်နေလိုက်သည်။
သို့သော် မိနစ်ပိုင်းမျှအကြာထိ ရောက်မလာသေးရာ သူအမှန်တကယ်ပဲ နေရခက်လာရတော့၏။
" ခင်များရဲ့ အဲ့ဒီတကယ်မကျိုးဘဲ ဇာတ်လမ်းဆင်ထားတဲ့ ခြေထောက်ကြီးကရော.. ဘယ်လိုလုပ်မှာလဲ "
ဂျုံဆောင်းသည် အတတ်နိုင်ဆုံးတော့ လူငယ်တစ်ယောက်၏ စကားပြောပုံ မပြေပြစ်မှုကို သည်းခံထားနိုင်သေးသည်။
" အရိုးအက်တယ်ပဲပြောထားတာ
ရက်နည်းနည်းကြာပြီးရင် ပုံမှန်အတိုင်းပြန်နေလို့ရတယ် "ဟိုအခါ ရီခီ အဓိပ္ပါယ်မရှိချက် ဟူသည့်ပုံမျိုးနှင့် နှာမှုတ်ကာ တစ်ချက်ရယ်ပစ်လိုက်၏။
အရင်ကတော့ ထိုအစီအစဥ်အတွက် အတွင်းရေးမှူးဂင်ကိုတောင် ပေးမသိဘဲ ထိုကောင်လေးကို ပါဝင်စေသည်က အကောင်းဆုံးဖြစ်မည်ဟု ဂျုံဆောင်း တွေးခဲ့သော်လည်း ယခုချိန်တွင်မူ အနည်းငယ် ပူပန်စပြုလာသည်။
" မင်း .. ဒီအကြောင်းတွေကို ဝန်း မသိအောင်တစ်သက်လုံး လျှို့ဝှက်ထားတာကောင်းလိမ့်မယ် "
" အဲ့လောက်တော့ ခင်များမပြောလည်း ကျွန်တော်-
ခဏလေး.. ဝန်း ??? "
ရီခီ မျက်ခုံးများ တွန့်ချိုးသွားခဲ့ရ၏။
ထို့နောက်တွင်မူ မယုံကြည်နိုင်မူဖြင့် မျက်နှာကို ပင့်မော့၍သာ ရယ်သမ်းသွေးလိုက်ရသည်။
ဒီလူကတော့ လာနောက်နေတာပဲ ဖြစ်ရမယ်။
" အင်း.. ငါလက်ထပ်ထားတဲ့သူကို ငါအဲ့လိုခေါ်တာ..ဘာကများအဆင်မပြေဖြစ်စေတာလဲ ? "
ရီခီသည် ထိုကဲ့သို့ အကြွယ်ခံရမှုအား တော်တော်လေး စိတ်ထဲတင်းသွားရကာ ဂျပန်လို ရေရွတ်လိုက်မိ၏။