မနက်စာစားပွဲဝိုင်းတစ်ခုတွင် နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်နေဖြစ်ကြသော်လည်း ဘာအပိုစကားမှမပြောဖြစ်အောင်ထိ အေးစက်နေသော အခြေအနေများက အမှန်တကယ်ကိုရှိ၏။
ဂျောင်ဝန်းသည် မျက်လွှာကို ချထားပြီး စားချင်စိတ်မရှိသော်ငြား တာဝန်အရ စားနေရသော အစားအသောက်များကို ဖြည်းဖြည်းချင်း အချိန်ယူကာ ဝါးနေလိုက်သည်။
သို့သော် တစ်ချက်တစ်ချက် ပါးတစ်ဖက်က နာနေဆဲဖြစ်၏။
" အာ့ "
ရုတ်တရက် အခန့်မသင့်ချိန်တွင် နာကျင်မှုက သိသာစူးအောင့်သွားကာ ဂျောင်ဝန်း နှုတ်ဖျားမှ ညည်းညူမှုမမည်သော တိုးညှင်းလွန်းသည့် အသံလေးတစ်ချက် ထွက်ကျလာခဲ့သည်။
ဂျုံဆောင်း ipad တစ်ဖက်နှင့် မနက်စာကိုသာ အာရုံစိုက်စားနေရင်းမှ ထိုအသံတိုးတိုးကြောင့် မျက်လုံးများကို လှန်ကာ တစ်ချက်ကြည့်လိုက်မိ၏။
သို့သော် တစ်က္ကန့်ခန့်မျှပင် မကြာဘဲ ချက်ချင်း ipad ပေါ်သို့ အကြည့်ပြန်ပို့လိုက်သည်။
ထို့နောက် မနက်စာနှင့်အတူ ယှဥ်တွဲထားသော ကော်ဖီတစ်ခွက်ကိုယူကာ ခပ်ဖြည်းဖြည်း တစ်ငုံသောက်လိုက်ပါ၏။
" နာနေရင် ရေခဲဖြစ်ဖြစ်ကပ်ထား
သနားစရာဖြစ်အောင် လုပ်မနေနဲ့ "ဂျောင်ဝန်း အမြဲလိုသာ တွေးဝေ ငေးငိုင်နေမိဆဲပင်။
သူက ဒီအပေါ်ယံနာကျင်မှုလောက်နဲ့ အသနားခံနေမယ်ဆိုရင် သူ့နှလုံးသားက လှောင်ရယ်တော့မှာပေါ့။
hyung ပေးတဲ့ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုက စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများနှင့် ယှဥ်လျှင် ဘာမှမပြောပလောက်ကြောင်း ဂျောင်ဝန်း ရှင်းပြချင်မိသည်။
ဒီလောက်ကတော့ သူမနာတတ်ပါဘူး။
" ကျွန်တော် အဆင်ပြေပါတယ် "
ခပ်တိုးတိုး အဖြေပြန်ပေးလိုက်တော့ hyung က သူ့ကိုနောက်တစ်ခေါက် မျက်လုံးပင့်ကြည့်လာပြီး ထို့နောက်တွင်တော့ လုံးလုံး ဂရုမစိုက်တော့ပေ။