22

1.6K 232 79
                                    

မနက် 9 နာရီခန့် ဂျုံဆောင်း မျက်လုံးများ ပြန်လည်ပွင့်ဟလာချိန်တွင် နားထင်များ ပေါက်ထွက်မတတ် စူးကိုက်နေခဲ့၏။

နောက်ကျိနေသော ခေါင်းကို အနည်းငယ်ပို၍ သတိကပ်စေနိုင်ရန် နားထင်ကိုနှိပ်နေရင်း ဆတ်ခနဲတစ်ချက်ခါလိုက်ပြီးနောက် ဘေးပတ်ဝန်းကျင်အခြေအနေကို ခဏကြည့်လိုက်သည်။

သူယခုထိ ဧည့်ခန်းမှ ဆိုဖာထက်တွင် ထိုင်လျှက်ရှိနေဆဲဖြစ်ပြီး စားပွဲပေါ်တွင် ညက သူသောက်လက်စ အကြွင်းအကျန်များနှင့် ကြမ်းပြင်တွင်လည်း ဖန်ကွဲစများ ပြန့်ကျဲလို့နေ၏။

ညက သူသောက်နေရင်း ဒေါသဖြင့် ဖန်ခွက်ကို ပစ်ပေါက်ခွဲမိသည်အား မှတ်မိနေဆဲပင်။

ညကဖြစ်ပျက်ခဲ့သည်များအားလုံးကို သူ့ခေါင်းထဲ ပြန်အစီစဥ်ချရန် ကြိုးပမ်းနေချိန်မှာပဲ စားပွဲပေါ်မှ ဖုန်း မြည်လာလေသည်။

အတွင်းရေးမှူးဂင်၏ missed call များက ငါးကြိမ်နှင့်အထက်တော့ ရှိလောက်ရော့မည်ထင်၏။

" အင်း.. ပြော "

" မန်နေဂျင်း... ကိစ္စတစ်ခုခုရှိနေလို့လား
ဖုန်းမကိုင်တော့ ကျွန်တော်က တစ်ခုခုများရှိလို့လားလို့ "

ဂျုံဆောင်းသည် ယခုချိန်ထိ စိတ်များက မကြည်မသာဖြစ်နေဆဲဖြစ်၍ မျက်ခုံးများကို စုကြုံ့ကာမှိတ်ထားမိသည်။

ယခုလို စိတ်အခြေအနေနှင့်လည်း သူဘာကိုမှ သေသေချာချာ ရှင်းရှင်းလင်းလင်း လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ခြောက်သွေ့အက်ကွဲနေသော အသံဖြင့်သာ ပြန်လည်တုန့်ပြန်လိုက်သည်။

" အင်း... အထွေအထူးမရှိဘူး
ငါဒီနေ့ ကိုယ်ရေးကိုယ်တာကိစ္စရှိလို့ အလုပ်ကို မသွားတော့ဘူး..မင်းလည်းတစ်ရက်နားလိုက် "

" အာ.. ဟုတ်ကဲ့ မန်နေဂျင်း..
တစ်ခုခုလိုအပ်တာရှိရင် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါနော် "

ရုတ်တရက် ဂျုံဆောင်းသည် မနေ့ညက ဒေါသတကြီးထွက်သွားသော ကောင်လေးနှင့် ယခုချိန်ထိ လူသူကင်းမဲ့နေဆဲဖြစ်သော အိမ်အခြေအနေကို သတိရမိသွား၏။ 

Gazing ( JAYWON )Where stories live. Discover now