မနက်ခင်းနေရောင်ဖျော့ဖျော့ ဖြာကျနေသော ပန်းချီခန်းထဲသို့ ဂျောင်ဝန်း ခြေလှမ်းကလေးများ တိုးလာချိန်တွင် ဆွဲလက်စ ကောင်းကင်ပုံပန်းချီကားလေးတစ်ချပ်နှင့်အတူ လိုက်ကာစအဖြူလေးကလည်း လေအဝှေ့တွင် လွင့်ပါလှုပ်ရှားနေခဲ့သည်။
" ဒီတစ်လအတွင်း အရာအားလုံးကို ပုံမှန်အတိုင်းပဲဖြစ်အောင် ကိုယ်ထားထားပေးတယ် "
နောက်ကျောဘက်ကို တိုးကပ်လာသည့် ရင်အုပ်ကျယ်တစ်ခုရဲ့ တည်ရှိမှုကို ခံစားမိတဲ့အချိန် hyung ရဲ့ ညင်သာသာစကားသံကိုလည်း သူကြားရ၏။
ဂျောင်ဝန်း မျက်ဝန်းလေးများက နေရောင်ချည်၏ ရောင်ပြန်ဟပ်မှုတွင် တောက်ပနေခဲ့ပြီး ဖြူဖျော့ဖျော့အသားအရေနှင့် ပါးပြင်လေးထက်တွင် သွေးရောင်လေးအချို့ ယှက်ပြေးနေခဲ့သည်။
သူက ခြေလှမ်းလေးများကို ရှေ့တိုးလိုက်ပြီး ထိုပန်းချီကား၏ဘောင်လေးကို လက်နှင့်အသာ ထိကိုင်လိုက်၏။
" မင်း အဲ့ဒီပန်းချီကားက ကိုယ့်အတွက်လို့ ပြောခဲ့တယ်မလား .. ဘယ်တော့ပြီးအောင်ဆက်ဆွဲပေးမှာလဲ "
ဂျောင်ဝန်းသည် ပြုံးချင်နေသော အမူအယာလေးကို ထိန်းလျှက် hyung မျက်ဝန်းများထဲသို့ တစ်ချက်ပြန်လှည့်ကြည့်လိုက်ပြီး စက္ကန့်ပိုင်းမခြားခင်မှာပင် အခြားရောက်တတ်ရာရာ နေရာလေးများထံသို့ အကြည့်ပြန်လွှဲကာ မေးမိလိုက်သည်။
" hyung ယူမှာလား "
ဂျုံဆောင်းသည် ဘောင်းဘီအိတ်ကပ်ထဲသို့ လက်နှစ်ဖက်ကိုထည့်လိုက်ရင်း စဥ်းစဥ်းစားစားနှင့် ခေါင်းကို ညိတ်ပြလိုက်ပါ၏။
" အင်း.. ကိုယ့်ရုံးခန်းထဲမှာ ချိတ်ထားရင် ကြည့်မိတဲ့အခါတိုင်း စိတ်ကြည်စေမယ်လို့ထင်တယ် "
ဒီတစ်ခါတော့ ဂျောင်ဝန်း ဟန်မဆောင်နိုင်စွာ ခေါင်းလေးငုံ့ကာ ပြုံးမိသွားရပြီး ပြန်လည်ဖြေကြားပေးလိုက်သည်။
" ကျွန်တော် မြန်မြန်လေး အပြီးသတ်ပေးပါ့မယ် "
ထို့နောက် ဂျောင်ဝန်းတွင် စဥ်းစားစရာတစ်ခုရှိလာခဲ့၏။