20

1.5K 211 64
                                    

J&J group ၏ 27 နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသည် ယခင်နှစ်များကဲ့သို့ပင် ခမ်းနားကြီးကျယ်နေဆဲဖြစ်သော်လည်း ပို၍ ထူးခြားနေသည်က ဥက္ကဌကြီး၏ ရာထူးမှ တရားဝင် အနားယူခြင်းနှင့် ဥက္ကဌအသစ်အား ရာထူးလွှဲပြောင်းခြင်းတို့ကြောင့်သာဖြစ်သည်။

စီးပွားရေးနယ်ပယ် တစ်ခုလုံးရှိ မိတ်ဖက်များရော ပြိုင်ဖက်များပါ စုဝေးနေသည့် ဤအခမ်းအနားမျိုးသည် ဂျောင်ဝန်းအတွက် စိမ်းသက်နေခဲ့ရာ ဘယ်လိုမှ သက်တောင့်သက်သာ မရှိနိုင်ပေ။

ဝတ်ဆင်ထားရသော အနက်ရောင် suit ကလည်း သူ့အတွက် လိုက်ဖက်သလို မခံစားရသည့်အပြင် ခံစားချက်တစ်ခုလုံးက မွန်းကြပ်သည့်အနေအထားကိုသာ ဖော်ဆောင်နေ၏။

သို့သော် နောက်ဆုံးတွင်တော့ များပြားလွန်းသော သူစိမ်းများအလယ် သူအတွေ့ချင်ခဲ့ဆုံး တစ်စုံတစ်ယောက်နှင့် မျက်နှာချင်းဆိုင်မိလေသည်။

hyung

ထိုနာမ်စားအား သူမျက်နှာချင်းဆိုင်၍ ထုတ်မခေါ်ဖြစ်သည်မှာ တစ်ပတ်နီးပါးခန့်ကြာခဲ့ပြီဖြစ်သောကြောင့် ဂျောင်ဝန်း တစ်မျိုးတစ်ဖုံ ပို၍ အေးစက်နေမှု တစ်စုံတရာကို ခံစားရ၏။

hyung က ကြည့်ကောင်းလွန်းစွာ ဆံပင်တွေကို ဘေးဘက်လှန်ခွဲတင်ထားပြီး သူ့ကို ပုံမှန်အဖြစ်ဆုံး အကြည့်များနှင့်သာ ပြန်လည်ကြည့်နေခဲ့သည်။

ထို့နောက် သူရှိရာထံသို့ ခပ်အေးအေး အမူအယာနှင့်သာ လျှောက်လာခဲ့၏။

" ရောက်လာပြီလား
မင်းကို ဥက္ကဌကြီးစောင့်နေတယ် "

ဂျောင်ဝန်း နားလည်ပါသည်။

အနည်းဆုံးတော့ အဖေ့ရှေ့တွင် hyung က သူနှင့်ဆက်ဆံရေးကြားမှ အေးစက်မှုများကို အလုံးစုံ ချမပြခဲ့ချင်သည့် သဘောသာဖြစ်၏။

ဂျောင်ဝန်းသည် ဘာကိုမှ တွေးတောချင်စိတ် မရှိတော့စွာ အရာအားလုံးကို နာခံရင်း hyung ၏ ဦးဆောင်မှုနောက်ကို လိုက်ကာ အဖေ့ကို သွားနှုတ်ဆက်လိုက်သည်။

" အဖေ ကျွန်တော်ရောက်ပါပြီ "

အဖေကလည်း နဂိုမျက်နှာတည်သူဖြစ်ရာ ခေါင်းညိတ်၍ ဂျောင်ဝန်း  ပုခုံးကို ပုတ်ပေးသည်မှလွဲ၍ ဘာမှပိုမလာပါ။

Gazing ( JAYWON )Where stories live. Discover now