Gazing 10
" hyung မျက်နှာကို ပြန်တောင်မြင်ရပါ့တော့မလားလို့ တွေးနေခဲ့တာ .. အခုလိုလည်း ပေါ်လာပေးသေးတာပဲ "
ဂျောင်ဝန်းက ရယ်ရင်း လတ်ဆတ်စွာ လှီးထားသော ဆယ်လ်မွန်လွှာများထဲမှ တစ်လွှာကို ရီခီ့ပန်းကန်ထဲသို့ လှမ်းထည့်ပေးလိုက်ပါ၏။
" ငါ ဟိုရက်က ပန်းချီပြခန်းကို လာပါသေးတယ် .. မင်းပဲ Okayama ကို ခဏပြန်သွားတယ်ဆိုလို့ "
" အာ...အိမ်က မယ်မယ် နားပူနေလို့လေ "
" ခဏစီပြန်ပေးတာကောင်းပါတယ် .. အမေဆိုတော့လည်း လွမ်းမှာပေါ့ "
စကားပြောနေရင်း hyung ၏ တောက်ပသော အပြုံးလေးတို့က မသိမသာလေး မှိန်ကျသွားသည့်အခါ ရီခီ့မှာ မနေတတ် မထိုင်တတ်ဖြစ်ရပြန်ပါသည်။
hyung အခု လက်ထပ်ယူထားသည့် ယောက်ျားက ဘယ်လောက်ကောင်းမှန်းမသိပေမယ့် hyung အပေါ် သူထားသည့် စိတ်သဘောထားကိုတော့ ခြေဖျားပင်မမှီမှန်း သိနေ၏။
ယခုလည်း အမေ့အကြောင်းနှင့် ပတ်သတ်လျှက် hyung ကို အကြာကြီး ဝမ်းမနည်းစေချင်တာမို့ ခပ်မြန်မြန်ပင် စကားလမ်းကြောင်းလွှဲရန် ပြင်လိုက်သည်။
" အဲ့လို မတွေ့ဖြစ်တာနဲ့ပဲ ခု ကျွန်တော်တောင် မခိုင်းရသေးဘဲ စျေးကြီးတဲ့ဆိုင်မှာ နေ့လည်စာလာကျွေးတယ်ပေါ့ "
ဂျောင်ဝန်း ရေနွေးကြမ်းခွက်သေးသေးလေးကို ကောက်ယူကာ နှုတ်ခမ်းနားတေ့ရင်း ရယ်သာရယ်နေမိ၏။
" မဟုတ်မှလွဲရော အပြစ်ရှိတဲ့စိတ်ကြောင့်လား "
!!!!!!!!!
ရေနွေးခွက်သည် ရုတ်တရက် လက်ချောင်းသွယ်သွယ်များထဲကြားမှ လျှောကျသွား၍ အနည်းငယ် ပူနေသော ရေနွေးများ ဂျောင်ဝန်းကိုယ်ပေါ်သို့ စိုစွတ်သွားခဲ့ရသည်။
" hyung .. hyung !
အဆင်ပြေရဲ့လား .. ပူသွားသေးလား
ဘယ်နေရာ နာသွားလဲ "ရီခီက ပြာပြာသလဲဖြစ်သွားကာ ဂျောင်ဝန်းကို လာကူညီ၏။
ဂျောင်ဝန်း ခဏတာမျှတော့ ရေနွေးများ ပူမှန်း မပူမှန်း မသိရလောက်အောင် သတိလက်လွတ်ဖြစ်သွားရသည်။