လက်ထပ်ပွဲ အခမ်းအနားနှင့် dinner party သည် ပြီးဆုံးရန်အတွက် ညလယ်ထိကြာမြင့်ခဲ့သော်လည်း အားလုံးက ပျော်ရွှင်မှု အစစ်အမှန်တွေထက် စီးပွားရေးဆန်မှုများသာ ရှိ၏။dinner ပြီးဆုံးသွားချိန်တွင်တော့ သူတို့နှစ်ယောက်လုံး ပွဲကျင်းပပြုလုပ်သည့် J&J group ပိုင် hotel ကြီးတွင်သာ ညအိပ်အနားယူရန်ပြင်ရတော့သည်။
တိတ်ဆိတ်ကျယ်ဝန်းသော Suite အခန်းကြီးထဲသို့ရောက်လာချိန်တွင် အခန်းအနှံ့ နှင်းဆီပန်းများ ဖယောင်းတိုင်များနှင့် honeymoon decorations များလုပ်ထားကြောင်းကို တွေ့ရလေ၏။
ဒါတွေကို မြင်နေရပေမယ့်လည်း ဂျောင်ဝန်း ရင်လည်းမခုန်သလို စိတ်လည်းမလှုပ်ရှားမိပါ။
သာမန်ဆိုလျှင် ဤအပြင်အဆင်များသည် လက်တွဲဖော်တစ်ယောက်က အခြားတစ်ယောက်အတွက် အံ့သြဝမ်းသာစေရန် လက်ဆောင်ပြင်ထားပေးတတ်သော အရာများဖြစ်သော်လည်း hyung ကတော့ ဘယ်တော့မှ အဲ့လိုအတွေးမျိုးရှိခဲ့ဖူးမှာ မဟုတ်သောကြောင့်ဖြစ်သည်။
Hotel မှ service အနေနှင့် ပြင်ဆင်ထားပေးသည်များကိုတော့ ဂျောင်ဝန်း အထူးတလည်လုပ်ကာ အံ့သြမနေချင်တော့ပေ။
အနည်းဆုံးတော့ အိပ်ရာခင်းပေါ် ပွင့်ဖတ်များ မကြဲပေးထားသည်ကိုပဲ ထပ်မံ ကျေးဇူးတင်မိပါ၏။
အခန်းကို အနည်းငယ်ဝေ့ဝိုက်ကြည့်ပြီးသည့် အချိန်တွင် ဂျောင်ဝန်း hyung အား အာရုံပြန်စိုက်လိုက်သည်။
Company မှပြန်ရောက်သော သာမန်နေ့များနှင့် မခြားနားသည့်အတိုင်း အင်္ကျီလက်မှ ကြယ်သီးများကို ဖြုတ်နေသည့် hyung သည် ယနေ့တွင် တမူပိုထူးခြားကြည့်ကောင်းနေသည်ကိုတော့ ဝန်ခံရမည်ဖြစ်၏။
Spary နှင့်ပုံသွင်းလှန်တင်ပေးထားသည့် ဆံပင်များက ဆံစုလေးများအဖြစ် နှဖူးထက်တွင်ဝဲကျ၍ လှုပ်လီလှုပ်လဲ့ဖြစ်လို့နေသည်။
အာရုံစူးစိုက်မှုကြောင့် မျက်ခုံးထူထူများက အနည်းငယ် စုကြုံ့နေပြီး စိတ်မကြည်သည့်ပုံမျိုး ထင်ဟပ်နေစေ၏။
သို့မဟုတ် hyung အမှန်တကယ်ကို စိတ်မကြည်နေခြင်းလည်း ဖြစ်နိုင်လောက်သည်။