{၁}

16.6K 740 70
                                    

မနက်ခင်းမျက်ဝန်းတွေပွင့်လာတိုင်း ဘာကြောင့်ရှင်သန်နေရလဲဆိုတာတွေးမိသည်က အမြဲလိုလိုဖြစ်နေကျ ဖြစ်စဉ်တစ်ခုပဲ။ ဘဝကြီးဟာ အဓိပ္ပာယ်မဲ့နေသယောင်။

"အာ့!"

နိုးလာလာခြင်း ခြေထောက်နာကျင်မှုကိုခံစားလိုက်ရသည်။ မတတ်နိုင်ဘူးလေ သူမ မနေ့ကပွဲရှိတာကို ပွဲမှခြေခေါက်လာသည်မဟုတ်လား။ ထို့ကြောင့် ခြေထောက်ဟာထလိုက်တော့ နာကျင်နေသည်လေ။ ယောင်နေပြီထင်ပါရဲ့။ သို့သော် အိမ်ကဒေါက်တာမကြီးကြောင့် အရမ်းအခြေနေဆိုးမနေမှာတော့သေချာသည်။

သူမ အများကြီးတွေးမနေတော့ပဲ ကျောင်းသွားရန် ရေချိုးဖို့ပြင်ကာ ရေချိုးခန်းထဲဝင်လိုက်သည်။ ရေချိုးပြီးပြန်ထွက်လာတော့ သူမအတွက် ကျောင်းဝတ်စုံတွေဟာ ကုတင်ပေါ်အခန့်သားရှိနေသည်မို့ ပြုံးလိုက်မိသည်။ ရှင်သန်ဖို့ ဘဝကအဓိပ္ပာယ်မဲ့နေပေမဲ့ သူမဘဝဟာ ဆိုးရွားမနေဘူးလေ။

"ဆရာဝန်မကြီးမေမေရေ!"

"လူအရင်မမြင်ရဘူး အသံအရင်ကြားရပြန်ပြီ။ ဒီမှာ မနက်စာမေမေပြင်ပေးထားတယ် လာစားချေ"

သူမ အမေကိုတွေ့တော့ မျက်နှာလေးဖြီးလိုက်ပြီး မနက်စောစောလုပ်နေကြအတိုင်း အရင်ချွဲနွဲ့ကာဖက်လိုက်သည်။

"စောစောစီးစီး ချွဲနေပြပါပြီ... လူလေးကဖြင့်ကြီးလာပြီ အခုချိန်ထိ ကလေးလေးလုပ်နေတုန်း"

"လူကကြီးလာပေမဲ့ မေမေ့အတွက်ဆို ကလေးလေးပဲဟာ"

သူမပြောတော့ မေမေဟာ သူနဖူးကို လက်ညှိုးလေးနှင့်တွန်းသည်။ သို့သော် ပြုံးနေပါ၏။ သူမပြောတာကို မေမေဟာ သဘောကျနေသည်လေ။

"ဒါနဲ့ မေမေ့ကို လွန်းလေးရဲ့ခြေထောက်ပြစမ်းပါဦး။ လာ ဒီမှာထိုင်"

သူမကို ထိုင်ခုံတွင်အတင်းထိုင်ခိုင်းပြီး ခြေထောက်ကိုကြည့်ပေးဖို့လုပ်နေသည့် မေမေကြောင့် ပြုံးလိုက်မိသည်။ ငြင်းလည်းရမှာမဟုတ်တော့ ငြိမ်နေပေးရုံသာ။

တစ်ဖန်ပျိုးသော အချစ်Where stories live. Discover now