မျက်လုံးပွင့်ပွင့်ခြင်း မြင်လိုက်ရသည့် မျက်နှာကျတ်ဟာ ဆေးရုံမဟုတ်ချေ။ သို့သော် ဒီမျက်နှာကျတ်ကိုလည်း မိုင် ရင်းနှီးနာကျင်စွာသိနေသည်။ မိုင် မှတ်မိတာက မိုင် အက်စီဒန့်ဖြစ်သွားတာပဲ။ မိုင် ကိုယ့်ကိုယ်လေးကိုယ် ပြန်စမ်းလိုက်မိသည်။ မိုင် အသက်ရှိနေသေးတာပဲ။ အက်စီဒင့်အသေးစားလေးပဲဖြစ်သွားခဲ့သည်ထင်သည်။ သို့သော် မိုင်ဟာ ဆေးရုံမှာရှိမနေပဲ ဘာလို့ ဒီအိမ်ကြီးကိုရောက်နေတာလဲ။ မိုင် မလှုပ်ချင်ပါ။ မိုင့် တစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသလို နာကျင်နေသည်။ သို့သော် မိုင် အခြေနေကိုသိချင်တာမို့ ထရသည်။ မိုင် ထလိုက်ချိန်မိုက်ခနဲဖြစ်သွားသည်။ ဒါဟာ အက်စီဒန့်ကြောင့်လတ်တလောခံစားရသည်ဝေဒနာဖြစ်မည်။
သို့ပေမဲ့ မိုင် ထင်တာလွဲမှားနေခဲ့သည်။ မိုင့် တစ်ကိုယ်လုံးလတ်လတ်ဆတ်ဆတ်ရထားသည့် ဒဏ်ရာတွေကို မိုင် ငုံ့ကြည့်လိုက်မိသည့်အခါ အက်စီဒန့်ကြောင့်ဖြစ်သွားသည့် ဒဏ်ရာမဟုတ်ချေ။ ဒါကိုတော့ မိုင် ကောင်းကောင်းကြီးသိပါသည်။ အက်စီဒန့် ကြောင့်ဖြစ်တာနဲ့ အရိုက်ခံထားလို့ရတဲ့ဒဏ်ရာကိုတော့ မိုင် ကောင်းကောင်းခွဲတတ်သည်လေ။ ဘာလို့လဲဆိုတော့ သူ့ဘဝသက်တမ်းတစ်ဝက်ဟာ ထိုဘဝတွင် ကျင်လည်ခဲ့ရတာမဟုတ်လား။
"ဘာ... ဘာတွေဖြစ်ကုန်တာလဲ"
ရင်ဘတ်ပေါ် ညှပ်ရိုးနေရာနားတွင် တစစ်စစ်နာကျင်နေသော အနာသည် သွေးစတို့ခြောက်သွေ့ပြီး ပေါက်ပြဲနေသည့်အနာဟာ ညိုမဲစပြုနေသည်။ ညှပ်ရိုးပေါ်က အနာသည်မြင်မကောင်းလောက်အောင်ပါပဲ။ ပြောရလျှင် ရွံစဖွယ်၊ မသတီစရာဖြစ်သည်အထိကို ဖြစ်လုနေပြီ။ ဒဏ်ရာတွေဟာ ညှပ်ရိုးထက်တွင် အပေါက်ရာတွေတန်းစီရှိနေသည်။ ထိုအပေါက်ရာတစ်ချို့ ပြည်တည်တော့မည်အထိပေါ့။
"ဒီဆေးလိပ်မီးနဲ့ထိုးခံထားရတဲ့ ဒဏ်ရာတွေက ဘာလို့..."
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ပျိုးကြောင့် ရခဲ့တဲ့အမာရွတ်အပေါ်မှာ တထေရာတည်းတူသည့် ဆေးလိပ်မီးရာတို့ဟာ နေရာယူထား၍နာကျင်နေသည်။ အဲ့တုန်းက ကျောင်းက ဟိုအဖွဲ့ကြောင့် ရလာတဲ့ဒဏ်ရာတွေအပေါ် ပျိုးဟာ ပြန်ပြီးတံဆိပ်နှိပ်ခဲ့တာမဟုတ်လား။ ဒါကို ဘာကြောင့် မိုင့်ကိုယ်ပေါ်မှာ တစ်ဖန်ပြန်ဖြစ်နေရသည်လဲ။ မိုင် ဒီအခြေနေကို လုံးဝနားမလည်ဖြစ်ရပြီ။
YOU ARE READING
တစ်ဖန်ပျိုးသော အချစ်
Romanceကံကြမ္မာကတစ်ဖန်အခွင့်ပေးခဲ့တယ်ထင်ခဲ့ပေမဲ့ အတိတ်ဟာပြောင်းလဲနေခဲ့တယ်... ဒါဟာ အခွင့်ရေးမဟုတ်တဲ့ သူမအတွက်ပြစ်ဒဏ်တစ်ခုပဲ။ တစ်ဖန်ပျိုးသော အချစ် (ချစ်ခြင်း၏ တံခါးတစ်ဖက်၌ Season-2) GL OC ✨