{၉}

4.9K 378 21
                                    

"ခွဲစိတ်ဓား"

"အဝတ်ပါး!"

အသားကိုခွဲလိုက်သည်နှင့် ထွက်လာသည့်သွေးတို့ကို အဝတ်ပါးဖြင့်ဖိစို့ထားလိုက်သည်။

"BP (blood pressure) ကျနေပြီ"

"ထိန်းညှပ်"

"PEA (pulseless electrical activity - နှလုံးခုန်နှုန်းမရတော့ခြင်း)"

အကူဆရာဝန်ဟာ နှလုံးရပ်သွားသည့်လူနာ၏ ရင်ဘတ်ပေါ်သို့ နှလုံးပြန်ခုန်လာစေရန်အကြိမ်ကြိမ်ဖိရင်း နှလုံးခုန်အောင်ကြိုးစားရတော့သည်။

အကူဆရာဝန်ကတော့ ချွေးပျံမတတ်ဖြစ်နေပြီဆိုပေမဲ့ မိုင်ဟာ စိတ်ငြိမ်ငြိမ်နှင့် အကောင်းဆုံးလုပ်နေနိုင်သည်။ မိုင့် အတွက်ဒီအခြေနေတွေဟာ ရင်းနှီးကျွမ်းဝင်နေပြီ။ သို့သော် ရင်းနှီးကျွမ်းဝင်နေတိုင်းလည်း အောင်မြင်တဲ့ ခွဲစိတ်မှုအမြဲဖြစ်မှာမဟုတ်။ ထို့ကြောင့် မိုင် သတိထားနေရသည်။ ခွဲစိတ်ခန်းထဲဝင်တိုင်း မိုင့်လိုလူမျိုးတောင် ဖိအားရှိတာပါပဲ။

"ချုပ်မယ်"

"Cut (ဖြတ်မယ်)"

နာရီပိုင်းလောက်ကြာသည့် ထိုခွဲစိတ်မှုအောင်မြင်စွာပြီးဆုံးသွားတော့မှ အကုန်သက်ပြင်းချနိုင်ကြသည်။ ခွဲစိတ်မှုအောင်မြင်သွားသော်လည်း စောင့်ကြည့်အခြေနေမို့ အားလုံးသက်ပြင်းအကုန်မချနိုင်သေးပါ။ အရေးပေါ်ကုသဆောင်ကနေ ဒီလူနာပြောင်းနိုင်တော့မှ သူတို့စိတ်အေးနိုင်မည်မဟုတ်လား"

"ထပ်ပြီး ဂုဏ်ယူပါတယ် ဒေါက်တာလွန်း"

ခွဲစိတ်မှုပြီးတိုင်း အမြဲဒါတွေကြားနေရလို့ မိုင့် အတွက်သာမန်လိုဖြစ်နေသည်။ သို့သော် ဒီနေ့မှ မိုင် စိတ်ရှုပ်နေရသည်လေ။ ဘာကြောင့်လဲဆိုလျှင် ဆေးရုံအုပ်အသစ်နှင့် မိတ်ဆက်သည်ကို မိုင် ခွဲစိတ်မှုကြောင့် မသွားလိုက်ရ။ ဘာလို့ ဒီလိုအမြဲလွဲနေတော့မှာလဲ။ မိုင်မှ ဘာလို့ ဒီလိုဖြစ်နေတာလဲ။

မိုင် ကိုယ့်အခန်းရှိရာဘက်ကို မပြန်ခင်အရင် ကိုယ့်လူနာတွေကို Check လုပ်ခဲ့သေးသည်။ ဒီနေ့ လူနာတွေရက်ချိန်းမို့ နားချိန် အလည်မှာ ၁ နာရီခွဲလောက်တော့ရှိသေးပါသည်။ ဒါတွေ လုပ်ပြီးမှသာနားဖို့ အခန်းဘက်သို့ပြန်လာလိုက်၏။ လူက ပင်ပန်းနေသည့် အပြင် စိတ်ကပါပင်ပန်းနေသည်မို့ နည်းနည်းမရွှင်ပြတော့။

တစ်ဖန်ပျိုးသော အချစ်Where stories live. Discover now