{၁၅}

5.2K 351 29
                                    

အိမ်ပြန်ရောက်တော့ အမေက ဧည့်ခန်းထဲတွင် ချန်နယ်မှလာသည့် ရုပ်ရှင်ကြည့်နေသည်။ မိုင် ခါတိုင်းလိုနှုတ်မဆက်ပဲ ကိုယ့်အခန်းကိုဝင်သွားလိုက်သည်။ ထိုအပြုမူကြောင့် သူမ အမေနည်းနည်းကြောင်သွားလိမ့်မည်ထင်သည်။ ဒါမှမဟုတ် မိုင် စိတ်ကောက်နေသေးတယ်လို့ မှတ်ချက်ချနေလိမ့်မည်။

"ဒါက ဘယ်သွားဖို့လဲ လွန်းလေး"

ခဏအကြာမှာ မိုင် ခရီးဆောင်အိတ်ကြီးနဲ့ထွက်လာတော့ မေမေဟာ မိုင့်အနားသို့ရောက်လာကာ အံ့ဩတကြီးမေး၏။

"မေမေ့ကို မိုင် ခွင့်တောင်းခဲ့သားဟာ"

ထိုသို့ပဲ ပြောလိုက်ပေမဲ့ မေမေဟာ မိုင် ဘယ်သွားတော့မလဲသိသွား၍ ခရီးဆောင်အိတ် လက်ကိုင်ကိုင်းမှာလွတ်နေသည့်နေရာကိုလှမ်းဆွဲသည်။ မိုင့်ကို မသွားခိုင်းတဲ့သဘော။

"အခန်းထဲပြန်ဝင်စမ်း လွန်းလေး!"

"မေမေ မသွားခိုင်းလည်း အဲ့အိမ်မှာ မိုင်ရအောင်နေမှာ"

"သိင်္ခလွန်းမိုင်!!"

မေမေ့အသံလေးဟာ ဟိန်းခနဲပါပဲ။ ဒါပေမဲ့ မတတ်နိုင်ပါ ဒီတစ်ကြိမ်တော့ မေမေနဲ့ မိုင် အချေအတင်ဖြစ်တာ တော်တော်ကြီးလောက်မလားပဲ။

"မရဘူးနော် မေမေ!... ဒီတစ်ခါတော့ မိုင် မရတော့ဘူး"

"ဘာလဲ သေတော့မလို့ဖြစ်နေမလို့မရတော့တာလား အမိုက်မရဲ့"

မေမေလည်း စိတ်အရမ်းတိုနေပြီထင်ပါသည်။ တစ်ခါမှ ဒီလောက်အခြေနေထိ စကားကြမ်းကြမ်းမပြောဖူးပါ။

"မမရဲ့လူ ဒီကိုရောက်လာတာကို မေမေသိပြီးပြီမလား"

"ဘယ်သူ့ကိုပြောနေတာလဲ... အခုကိစ္စက..."

"အဲ့လူနဲ့ ကလေးလေ!... ဒီကို ရောက်နေတယ်ဆို မေမေသိတယ်မလား"

ပျိုးရဲ့ ယောကျ်ားဟုမသုံးချင်လို့ 'မမရဲ့လူ' လို့သုံးလိုက်တာက မေမေဟာ ရိပ်မိပေါ်မပေါ်။ ထပ်ပြီး မိုင် ပြောလိုက်တော့မှ နားလည်သွားပုံရသည်။ ထို့ကြောင့် ငြိမ်သွား၏။

"ဒီလိုဆို မေမေသိတယ်ပေါ့!"

"သူလာတာ ဘာဖြစ်လဲ သူ့မိန်းမဆီ သူပြန်လာတာပဲ"

တစ်ဖန်ပျိုးသော အချစ်Where stories live. Discover now