{၁၉}

6.8K 408 24
                                    

ခြံဝင်းထဲရော အိမ်ကြီးရဲ့ဧည့်ခန်းတွေမှာပါ လူများသွားလာလှုပ်ရှားနေကြသည်။ လူများနေခြင်းဟာ တခြားတော့မဟုတ်ပါပဲ အိမ်တက်ပါတီကြောင့်ဖြစ်သည်။ ဦးဖြိုးဝင်းကျော်ဟာ သူ့သမီးလေး ဒီနိုင်ငံကိုပြန်ရောက်လာသည်မို့ လုပ်သည့်ပွဲဖြစ်သည်ဟုဆိုရမည်။ ဆေးရုံအုပ်ပျိုးအတွက်လုပ်ပေးသည်ဆိုပေမဲ့ ပွဲမှာ ဆရာဝန်တွေထက် အဓိကလာသည့်သူတွေဟာတော့ စီးပွါးရေးလုပ်ငန်းရှင်လူကြီးပိုင်းကသာဖြစ်သည်။

"ပျင်းစရာကြီးနော်"

ကိုထူးကပြောလာ၍ မဆုက ခေါင်းညိတ်သည်မို့ မိုင် ပြုံးလိုက်မိသည်။ ဆေးရုံကလူတွေထဲက ပျိုးနှင့် အတော်ရင်းနှီးသူတွေသာလာသည်။ အဲ့ထဲကမှ မဆုနှင့် ပျိုးဟာ အရင်းနှီးဆုံးလေ။ ထို့ကြောင့် မဆုကို ပျိုးဟာ ဖိတ်ပေးဖို့အကူညီတောင်းခဲ့သည်တဲ့။ မဆုလည်း လက်လှမ်းမှီသလောက်လိုက်ဖိတ်ပေးခဲ့လို့သာ ဒီမှာ ဆရာဝန်အသိုင်းဝိုင်းက လူတစ်ချို့ရှိနေသည်ပါ။ တစ်ချို့ဆို ဂျူတီချိန်မို့ မလာနိုင်ပေ။ မဟုတ်လျှင် ဒီမှာ ဆရာဝန်တွေတောင်ရှိနေမယ်မထင်။

မိုင်တို့နှင့် ကပ်ပါလာသည့် ဂျူနီယာပေါက်စလေး ၃ ယောက်ကတော့ အစားသောက်တစ််ချို့လျောက်ထည့်ရင်းပျော်မွေ့နေသည်။ အလှူလာသည့်အတိုင်းပင် ရှိသမျှအကုန်စားဖို့လုပ်နေကြတာ။ တစ်ချို့ဆရာဝန်တွေကလည်း ခဏလာပြီးပြန်သွားကြသည်။ တစ််ချို့ကလည်း သူတို့ဝိုင်းမှာသူတို့ စကားကောင်းနေကြ၏။ ထိုထဲတွင် မိုင့် ဘေးနားက မဆုနှင့် ကိုထူးဟာတော့ ပျင်းနေကြသည်ပေါ့။

"မြင့်မိုရ်က ဘာလို့လိုက်မလဲမသိဘူးနော်"

"လိုက်မလာတာပဲ ကောင်းပါတယ်အေ!... ပျင်းစရာကြီးဟာ"

မဆု ပျင်းပျင်းနှင့်ပြောတာကို ကိုထူးကဝင်ပြောသည်။ ရှိန်းဟာ နဂိုတည်းက ရေခဲတုံးမို့ဒီလိုပွဲတွေတက်ရတာမကြိုက်ပါ။ အဲ့ထဲကမှ ပျိုးနှင့် ရှိန်းဟာ တစ်ခေါက်မှမဆုံဖြစ်ကြသေးတော့ပိုဆိုးသည်။ ထို့ကြောင့် ရှိန်းဟာ မသွားချေ။

"ဝင်တာလည်း အလုပ်များနေမယ်ထင်တယ်"

"ဒါပေါ့ဟ သူ့ပွဲပဲဟာ ဟိုမှာကြည့်ပါလား။ သူ့အဖေက တော်တော်ချစ်တဲ့ပုံပဲ သူ့သမီးလက်လေးကို ကိုင်ပြီးတော့ကို တစ်ယောက်ချင်းမိတ်ဆက်ပေးနေတာ"

You've reached the end of published parts.

⏰ Last updated: Oct 24 ⏰

Add this story to your Library to get notified about new parts!

တစ်ဖန်ပျိုးသော အချစ်Where stories live. Discover now