"အိပ်ရော အိပ်ပြီးရဲ့လား"
"ဒါပေါ့ ဒေါက်တာမြင့်မိုရ်ရဲ့... အိပ်ရေးဝလို့ ဒီလောက်တက်ကြွလန်းဆန်းနေတာပေါ့"
"ဟုတ်ရဲ့လား"
"ဘာလဲ စိတ်ပူနေတာလား ရှိန်း"
"ထားပါတော့ ပြန်တော့"
မိုင် ပြောတော့ အေးစက်စက်မျက်နှာနှင့် ပြန်လွှတ်နေသည့် ရှိန်းမြင့်မိုရ်ဦးရယ်လေ။ ရှိန်းက အေးဆေးသမားရေခဲတုံးကြီးဆိုတာ ဒီအတိတ်ကိုပြန်မရောက်ခင်ဘဝကမသိခဲ့ပေမဲ့ အခုတော့ မိုင် တော်တော်လေးသိခဲ့ရပြီ။
"ဝန်မခံချင်လည်း ရပါတယ်။ အတင်းမနှင်ပါနဲ့နော် မနှင်လည်းပြန်မှာပါ"
"ပြီးရင် ပြန်မလာနဲ့ ဒီနေ့နားလိုက်တော့ မပြန်တာကြာပြီဆိုတော့ အန်တီနဲ့အချိန်ပေးလိုက်ဦး"
"ဟင့်အင်း ညနေလောက်ကျရင် ဒီနားကဆိုင်ကို လဝန်းလာမယ်တဲ့ အဲ့တော့ပြန်လာခဲ့မယ်။ ပြီးတော့ မေမေ့က ငါ့ကိုနားလည်ပြီးသားပါ... အဲ့ကိစ္စအတွက် မစိုးရိမ်နဲ့ ဟုတ်ပြီလား"
"ဒါပေမဲ့..."
"ပြန်လာခဲ့မယ်နော် သွားပြီ!"
ပြောချင်တာသာ ရအောင်ပြောသွားပြီး ထွက်သွားသည့် မိုင့်ကိုကြည့်ကာ ရှိန်း သက်ပြင်းချလိုက်မိသည်။ မိုင်ဟာ ဘယ်လောက်ပဲ နေ့ရက်တိုင်းကိုသွက်လက်စွာဖြင့် ဖြတ်သန်းသန်း၊ မျက်နှာထက်တွေ အမြဲအပြုံးပန်ဆင်ဆင် မိုင့် မျက်ဝန်းတွေဟာတော့ ရှိန်းကိုရော လဝန်းကိုပါ လိမ်လို့မရခဲ့။
"ဘယ်တော့မှ အဆင်ပြေလာပါ့မလဲ"
ရှိန်းရဲ့ အေးစက်စက်အမူရာတွေကြောင့် လူအများအမြင်မှာ အေးဆေးနိုင်တယ်ထင်ရသော်လည်း ရှိန်း စိတ်ပူတတ်တာ ရှိန်းပဲ သိလိမ့်မည်။ မိုင်လည်း သိကောင်းသိမှာပေါ့။ စိတ်မပူလို့လည်း မရချေ။ မိုင့် အခြေနေဟာ အဲ့တုန်းကအရမ်းဆိုးရွားခဲ့သည်မလား။
"ဘယ်လိုလုပ်ပေးမှ ပြန်အဆင်ပြေလာမှာလဲ"
"အဲ့မိန်းမက ဘာမို့လို့လဲ မိုင်"
ဒါဟာ မိုင့်ကို တစ်ခါမြင်တိုင်း ရှိန်း နှုတ်ကနေတစ်ကိုယ်တည်းပြောမိတဲ့ စကားတွေပေါ့။ လွန်ခဲ့တဲ့ ၄ နှစ်ကနေ အခုထိ မိုင့်ကိုတွေ့တိုင်း ရေရွတ်မိတာ။ ဘာတွေ ဘယ်လိုဖြစ်မှန်း ရှိန်း မသိသော်လည်း မိုင့်အမေပြောပုံအရဆို မိုင်ဟာ မှားခဲ့သူမဟုတ်ဘူး။ ဒါပေမဲ့ ဘာကြောင့်လဲ။ ရှိန်း အဖြေရှာမရတဲ့ တစ်ခုတည်းသောအရာ။
YOU ARE READING
တစ်ဖန်ပျိုးသော အချစ်
Romanceကံကြမ္မာကတစ်ဖန်အခွင့်ပေးခဲ့တယ်ထင်ခဲ့ပေမဲ့ အတိတ်ဟာပြောင်းလဲနေခဲ့တယ်... ဒါဟာ အခွင့်ရေးမဟုတ်တဲ့ သူမအတွက်ပြစ်ဒဏ်တစ်ခုပဲ။ တစ်ဖန်ပျိုးသော အချစ် (ချစ်ခြင်း၏ တံခါးတစ်ဖက်၌ Season-2) GL OC ✨