မနက်မိုးလင်းတော့ ပျိုးဟာ အစောကြီးတည်းက အိမ်မှာမရှိတော့ပါ။ မိုင် အိပ်ရာထနောက်ကျလို့ မဟုတ်ပါ။ ပျိုးသည် မနက် ၆ နာရီခွဲတည်းက အိမ်ကနေ ထွက်သွားချေပြီ။ ကလေးကိုလည်း ခေါ်သွားသေးသည်မို့ မိုင့် ဒေါသကိုထပ်ပြီးလာစွနေပြန်ပါသည်။ ဆေးရုံကို တူတူသွားမယ်ပြောထားသည်ကို တမင်လုပ်သွားတာ။ ထို့ကြောင့် မိုင် ဒေါသထွက်တာ မိုင့် အလွန်မဟုတ်ဘူး။
"တွေ့ကြသေးတာပေါ့ ဒေါ်ဆောင်းရိပ်ပျိုးရယ်"
မိုင့်မှာ ခံရခက်စွာကြိမ်းနေရုံကလွဲလျှင် ဘာမှမလုပ်နိုင်ပါ။ ထို့ကြောင့် ဆေးရုံကိုမြန်မြန်သွားဖို့သာ ပြင်ရတော့သည်။ ဆေးရုံရောက်မှ မိုင် ကောင်းကောင်းနှောက်ယှက်ပစ်ဦးမည်။ စိတ်ရှုပ်လို့ ထွက်သွားခိုင်းလည်း မထွက်သွားပဲ တမင်ပေကပ်ပြီးကိုနေပြဦးမှာ။
မိုင် စိတ်မပြေတာကြောင့် အိမ်ကနေဆေးရုံသွားသည့် လမ်းပေါ်ရောက်လာတာတောင် အဲ့အကြောင်းကိုတွေးနေမိသည်။ သူများအိမ်ပေါ်တက်ပြီး ပေါက်ကရတွေလုပ်ခဲ့တာတောင် စိုးရိမ်စိတ်နည်းနည်းမှမရှိ။ မိုင် ဒီလိုတွေတဇွတ်ထိုးလုပ်လို့ ပျိုး ထွက်ပြေးသွားနိုင်ပေမဲ့ ဘာကြောင့်မှန်းမသိ ပျိုး အဲ့လိုမလုပ်ဘူးလို့ ခံစားနေရသည်။ ဒါကြောင့်လည်း မိုင် စိတ်မပူဖြစ်နေတာနေမည်။
မိုင် ဆေးရုံရောက်တော့ ပျိုးဆီကို ချက်ချင်းသွားရှာချင်ပေမဲ့ မလုပ်နိုင်ပါ။ ဆေးရုံရောက်တာနဲ့ မိုင်ဟာ အလိုလို မအားဖြစ်ရပြီ။ ထို့ကြောင့် အားမှသာသွားနိုင်မည်။ ပျိုးကို သွားမနှောက်ယှက်နိုင်ခင် အချိန်တွင်းတော့ စိတ်အနှောက်ယှက်ဖြစ်ရသူဟာ မိုင်သာဖြစ်သည်။ ဘာလို့လဲဆိုတော့ မိုင့် စိတ်ထဲ ပျိုးကိုမကျေနပ်ခြင်းတွေသာ ကြီးစိုးနေ၍ပေါ့။
"ဟင်!"
Round နေရင်းတွေ့လိုက်ရသည့် မြင်ကွင်းကြောင့် မိုင့် မျက်ဝန်းတွေ နည်းနည်းမယုံကြည်နိုင်ဖြစ်သွားသည်။ ရှိန်းဟာ မိန်းကလေးတစ်ယောက်နဲ့ပြောရင်း ရယ်မောနေသည်တဲ့။ ရှိန်းလိုအေးစက်စက်လူကလေ။ ထို့ထက် ပိုဆိုးတာက ထိုမိန်းကလေးဟာ ခယောင်းခြွေဖြစ်နေတာပါပဲ။ ခယောင်းခြွေ ဘယ်လိုပုံစံဖြစ်ဖြစ် မိုင် မှတ်မိသည်မို့ ဒါဟာ ခယောင်းခြွေဆိုတာ သေချာသည်။
YOU ARE READING
တစ်ဖန်ပျိုးသော အချစ်
Romanceကံကြမ္မာကတစ်ဖန်အခွင့်ပေးခဲ့တယ်ထင်ခဲ့ပေမဲ့ အတိတ်ဟာပြောင်းလဲနေခဲ့တယ်... ဒါဟာ အခွင့်ရေးမဟုတ်တဲ့ သူမအတွက်ပြစ်ဒဏ်တစ်ခုပဲ။ တစ်ဖန်ပျိုးသော အချစ် (ချစ်ခြင်း၏ တံခါးတစ်ဖက်၌ Season-2) GL OC ✨