{၁၈}

4.8K 397 27
                                    

"ဒါဆို ကျွန်တော်သွားလိုက်ပါဦးမယ်... ဝင်းတားကို ဂရုစိုက်ပေးပါဦးဗျ"

"ဟုတ်ကဲ့ အဲ့အတွက်တော့ စိတ်မပူပါနဲ့"

Edward စိတ်ပူစွာမှာနေသည်ကို မိုင် အပြုံးတုနှင့်ဖြေလိုက်သည်။ Edward သွားတော့မှ သက်ပြင်းချလိုက်မိ၏။ ထိုလူကို ချိုသာပြနေရတာက မိုင့်အတွက် နည်းနည်းလေးမှ သက်တောင့်သက်သာမဖြစ်ဘူး။ ဒါပေမဲ့လည်း ကောင်းမွန်ပြမှရမည်မဟုတ်လား။ ထို့နောက် ပျိုး အခန်းဆီဦးတည်သွားလိုက်သည်။

ဒေါက်!

မိုင် အခန်းတံခါးဖွင့်လို့ တံခါးပွင့်ပွင့်ချင်း ပျိုးဟာဂျက်ချလိုက်ချိန်နဲ့တစ်ထပ်တည်းဖြစ်၍ ထွက်လာသည့် ဒီအသံ။ မိုင် တံခါးဖွင့်လိုက်တာ စက္ကန့်အနည်းငယ်ပိုမြန်သွားသည်မို့ ကံကောင်းသည်။ မိုင် ဝင်လာမယ်မှန်းသိလို့ ဂျက်ချလိုက်သည်ကိုသိနေတော့ စိတ်တိုသွားရပြန်သည်။ မိုင် ခပ်စူးစူးကြည့်မိတော့ ပျိုးဟာ လန့်ပြီးခြေတစ်လှမ်းနောက်ဆုတ်သွားသည်။

မိုင် အခန်းထဲဝင်လိုက်တော့ ပျိုးဟာ အလန့်တကြားနောက်ဆုတ်သွားသည်မို့ ခလုတ်တိုက်ပြီး နောက်လန်လဲကျမလိုဖြစ်သွားသည်။ ကံကောင်းသည်က မိုင်ဟာ ပျိုး ခါးလေးကို လှမ်းဖမ်းဆွဲနိုင်တာပါပဲ။ ခါးသွယ်သွယ်လေးဟာ မိုင် လက်ကြားထဲမှာသေးသေးလေးဖြစ်ပြီး ဖက်ကောင်းနေသည်။ ပြီးတော့ ပျိုး၏ အနီးကပ်မျက်နှာလှလှလေးကို မြင်တွေ့နေရ၏။ ပြီးတော့ မိုင် ကြမ်းရမ်းထားတာမို့ ပေါက်နေသည့်နှုတ်ခမ်းပါးလေးဟာ ထပ်နမ်းချင်စရာအတိပင်။

မိုင့် အကြည့်ဟာ ပျိုး နှုတ်ခမ်းဆီရောက်သွားတာသိတော့မှ ပျိုးဟာ အလန့်တကြား မိုင့်ရင်ဘတ်ကို တွန်းထုတ်ပြီးနောက်ဆုတ်သွားသည်။ ပုံမှန်ဆို မိုင့် စိတ်အခြေနေအရ ဆွဲနမ်းလိုက်မိမှာအမှန်ပေမဲ့ ဒီနေ့တော့ များနေပြီမို့လွှတ်ပေးလိုက်သည်။ ပြီးတော့ ပျိုးဟာ ဖျားနေသည်။

"ကုတင်ပေါ်မှာ သွားနားနေပါ။ မမကို မိုင် ဘာမှမလုပ်ပါဘူး... အခန်းတံခါးလည်း လော့ချစရာမလိုဘူး"

ပျိုးဟာ မိုင်ပြောတာကိုမယုံသေးပုံပဲ နေမကောင်းသည့်အားပျော့နေသည့်ကြားမှ မိုင့်ကိုလန့်နေပုံဟာသိသာနေသည်။

တစ်ဖန်ပျိုးသော အချစ်Where stories live. Discover now