{၁၄}

4.1K 319 24
                                    

"ညီမလေးပြောတဲ့ ဆရာဝန်လား"

အခန်းထဲက ထွက်ထွက်ခြင်းမှာထွက်လာသည့် စကားသံကြောင့် လန့်မလိုတောင်ဖြစ်သွားရသည်။

"အိုး ကိုကို!... ဟုတ်ပါ့ ဒေါက်တာရှိန်းမြင့်မိုရ်ဦးတဲ့"

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ဗျ"

ရှိန်းရှေ့ကို လက်ကမ်းပေးလာတော့ ပုံမှန်ဆို လက်ဆွဲနှုတ်ဆက်မှာမဟုတ်ပေမဲ့ ခြွေ့မျက်နှာကြောင့် ထိုလူ့လက်ကို ဆွဲကာနှုတ်ဆက်လိုက်သည်။

"ကျွန်မရောပါပဲ"

"ညီမလေးက ဒေါက်တာ့အကြောင်းအရမ်းပြောနေတာ။ အခုမှပဲမြင်ဖူးတော့တယ်"

ရှိန်း မကောင်းတတ်၍ ပြန်ပြုံးပြလိုက်သည်။ သို့သော်လည်း ခြွေ့ဟာ သူ့အကြောင်းအရမ်းပြောတယ်ဆိုတော့ ရှိန်းရင်ထဲ အပျော်လှိုင်းကလေးတက်သွား၏။ မထင်မှတ်ထားပဲ ထမင်းတူတူစားခဲ့ရသလို မထင်မှတ်ထားတဲ့ ကမ်းလှမ်းမှုလည်း ခံခဲ့ရသည်။ ရှိန်းကို ခြွေ့အိမ်ရဲ့ Family Doctor ဖြစ်ပေးဖို့တဲ့။

ရှိန်း ငြင်းခဲ့ပါသည်။ ရှိန်း အဲ့လိုလုပ်ဖို့ တစ်ခါမှမစဉ်းစားဖူးပါ။ ထို့ကြောင့် ငြင်းခဲ့သည်။ သို့သော် ခြွေ့ရဲ့ ချွဲနွဲ့စွာ တောင်းဆိုမှုတွေအောက်မှာ ရှိန်း လက်ခံလိုက်ရသည်။ တခြားစိတ်ကြောင့် ထိုသို့ဖြစ်လက်ခံလိုက်သည်မဟုတ်ပဲ အားနာ၍ကြောင့်ပါ။ ဘယ်သူ့ကိုမှ အားမနာဖူးတဲ့ ရှိန်းဟာ ခြွေ့မျက်နှာညှိုးမှာကိုကြောက်ရွံ့သလိုရှိ၍ လက်ခံလိုက်မိသည်။

"ဒါနဲ့ ကျွန်တော်တို့တွေ့ဖူးကြလားဗျ"

ရှိန်း လက်လေးကိုမသိမသာရုတ်လိုက်မိတော့မှ မြတ်ဖုန်းသောဟာ သတိဝင်ပြီး ဖယ်ပေးသည်။ မြတ်ဖုန်းသော အကြည့်တွေကရော၊ အပြောကပါ တမင်ကြီး ရှိန်းကိုပရောပရည်လုပ်တာမဟုတ်ပေမဲ့ ရှိန်း ကသိကအောက်ဖြစ်နေသည်။

"ဟင့်အင်း တစ်ခါမှတွေ့ဖူးဘူးရှင်"

"ကိုကိုနော်!... ဖယ်တော့။ ပါးပါးကြီး ဆီသွားမယ်ဆိုလည်း အထဲမှာ သွားတွေ့... ကြည့်နေ!!"

ခြွေဟာ ရုတ်တရက်ကြီး သူ့အစ်ကို ရန်ရှာသလိုမျိုးပြောတော့ မြတ်ဖုန်းသောအပါဝင် ရှိန်းပါ ကြောင်သွားမိတာအမှန်။ ထိုသို့ဖြစ်နေချိန် ခြွေဟာ ရှိန်းဘက်သို့ လှည့်ပြီး ရှိန်းလက်လေးကိုချိတ်သည်။

တစ်ဖန်ပျိုးသော အချစ်Where stories live. Discover now