{၁၃}

4.3K 335 7
                                    

Ward Round နေရင်း တစ်ခါပဲမြင်ဖူးပြီး ရင်ထဲတောင့်တမိသည့်သူကိုမြင်လိုက်ရတော့ ရင်ထဲပျော်ရွှင်သွားမိသည်။ ပြီးတော့ သူမက သူ့ဆီကတည့်တည့်ကြီးလာနေတာ။ သို့သော် အခုမှသတိထားမိသည့်အရာကြောင့် ရင်ထဲထိတ်မိသွားသည်။ သူမသည် လူနာဝတ်စုံကြီးနဲ့ပင်။ ထင်ထားသလိုဖြစ်နေပြီလား။

"ကြည့်နေတာကြာပြီ မြင်ဖူးပါတယ်လို့! ဘယ်မှာမြင်ဖူးလဲပြန်စဉ်းစားနေမိတာရှင်... ဟိုနေ့က ဝင်တိုက်မိတဲ့ ဒေါက်တာအူကြောင်ကြောင်လေးမလား"

ရှိန်း ရှေ့တည့်တည့်မှာတင် အူကြောင်ကြောင်လို့ခေါ်ခံလိုက်ရပေမဲ့ ရှိန်း စိတ်ထဲဘာမှမဖြစ်တဲ့အပြင် ပြုံးလိုက်မိသည်။ ရှိန်းဟာ လူတွေအမြင်မှာ တကယ်ပဲ အူကြောင်ကြားဖြစ်နေပြီလား။

"ဟုတ်ပါတယ် ရှိန်းမြင့်မိုရ်ဦးပါ"

"သိပါတယ် ဆင်ပေါက်လေးနာမည်ကို ကျွန်မ မှတ်မိပါတယ်"

"ဟင်!... ဘာကို? ဆင်ပေါက်?"

"ဪ ဒေါက်တာ့ကိုပြောတာလေ ဆင်ပေါက်လေးဆိုတာ။ ခြွေက ဒေါက်တာ့ကို မိုရ်မိုရ်လို့ ခေါ်မလို့ အစကစဉ်းစားလိုက်တော့ မိုမိုကိုတွေးမိသွားလို့။ အဟင်း ဆင်ကလေးနာမည် ဆင်လို့လေ"

ခပ်ပြုံးပြုံးလေးနှင့်ပြောလာသည့် ခြွေဟာ ချစ်ဖို့ကောင်းတယ်ထက်ပိုပြီး ဆွဲဆောင်မှုရှိလှသည်။ ရှိန်းကို တမင်ဆွဲဆောင်နေသလားလို့တောင် ထင်ရလောက်တဲ့အထိကို အကြည့်တွေက ဆွဲဆောင်နေတာ။ သို့ပေမဲ့ ရှိန်းလို အဆင့်ကိုတော့ နာမည်ကျော်မင်းသမီးက ဆွဲဆောင်မှာမဟုတ်ပါဘူး။

"ဆင်ကလေးနာမည် မိုမိုတဲ့ဟေ ခေါ်ကြည့်စမ်းပါဟေ... မိုမိုရေ ဝူး!..."

ရှိန်းမသိမှာစိုးလို့ထင်ပါရဲ့ သီချင်းလေးပါဆိုပြတော့ ရှိန်း မနေနိုင်ပဲ ပြုံးလိုက်မိသည်။ အသံလေးဟာ စကားပြောလည်းချိုသာတယ်ဆိုပေမဲ့ သီချင်းဆိုလိုက်သည့်အဟာပိုပြီး ချိုမြသွားသည်။ ခြွေဟာ ရှိန်းရဲ့ အကြိုက်ဆုံး အိုင်ဒေါလ်ဖြစ်လာခဲ့ပြီ။ ဒီရက်ပိုင်း ခြွေ့သီချင်းတွေနဲ့ ရုပ်ရှင်ကားတွေ ရှိန်းအိမ်ရောက်တာနဲ့ ကြည့်နေခဲ့တာ။ အားတိုင်း ခြွေ့သီချင်းတွေပဲ နားထောင်နေခဲ့သည့်အထိ ခြွေဟာ သူ့ကိုစိုးမိုးလွန်းသွားခဲ့သည်။

တစ်ဖန်ပျိုးသော အချစ်Where stories live. Discover now